[01]

2.3K 158 6
                                    

မြင်မြင်ချင်းချစ်မိခြင်း

ဝူအင်ပါယာဟာ အင်မတန်လှပပြီး သာယာတဲ့နိုင်ငံလေးတစ်ခုဖြစ်တယ်... နောက်ဆုံးဧကရာဇ် နှင့် အကြီးဆုံးသားတော်တို့ဟာ နှစ်ပေါင်းအနည်းငယ်တိုင်အောင် အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်‌ပွဲတွေ တိုက်ခဲ့ရတယ်.. နှစ်ပေါင်း ၂၀ ကြာအောင် မငြိမ်မသက် မအေးမချမ်း နေခဲ့ရအပြီးမှာတော့ နောက်ဆုံး ငြိမ်းချမ်းရေးရခဲ့ပါတယ် ...

ဒါကြောင့် ပြည်သူတွေဟာ အကြီးဆုံးသားတော်ကို ရိုသေလေးစားပြီးချစ်ခင်ကြတယ် .. အကြီးဆုံးသားတော်ဟာ အခုလက်ရှိ ဧကရာဇ် ဝူကျန်းဝေဖြစ်တယ် ..

ဖခင် ဧကရာဇ် နာမကျန်းဖြစ်ပြီး နတ်ရွာစံသွားတဲ့အခါမှာတော့ ဝူကျန်းဝေဟာ ထီးနန်းကို ဆက်ခံခဲ့တယ် .. ဝူကျန်းဝေ ရဲ့ အုပ်ချုပ်မှုအောက်မှာ အိမ်နီးချင်းနိုင်ငံတွေဟာ ဝူအင်ပါယာကို ဘယ်သူမှ ရန်မစရဲသလို ဘယ်သူမှလည်း အဓိကရုဏ်းဖြစ်အောင် မလုပ်ဝံ့ကြဘူး ..

ဝူကျန်းဝေဟာ ချောမောခန့်ညားလှတဲ့ ရုပ်ရည်နဲ့ ခွန်အားဗလ ကြီးမားမှုတွေကြောင့် နာမည်ကျော်ကြားတယ် .. သူဟာခံစားချက်မဲ့ပြီး‌ အေးစက်သော်လည်း များစွာသော မိန်းမပျိုသာမဘဲ တချို့သော ယောက်ျားသားဒွိလိင် [ဂေး] တွေပင် သေမလို သူ့ရဲ့ အာရုံစိုက်မှုကို လိုချင်ကြတယ်... သူတို့အားလုံးဟာ ဝူကျန်းဝေရဲ့ ကုတင်ကို နွေးထွေးအောင် ပြုလုပ်ပေးချင်တဲ့ ဆန္ဒတွေရှိကြတယ် .. [ကုတင်ပေါ်တက်ချင်ခြင်း -_-]

အမတ်ချုပ်ရဲ့ အိမ်တော်က အငယ်ဆုံးသားလေး အပါအဝင်ပါပဲ .. အမတ်ချုပ်လီ .. လီရှစ်ကျန့် မှာ သားသမီး ၃ ယောက်ရှိပါတယ် .. အကြီးဆုံးသားကတော့ ဉာဏ်ရည်ထက်မြတ်တဲ့ ကျောင်းသားဖြစ်တယ် .. သူဟာ .. သူရဲ့ ငယ်ချစ်ဦးဖြစ်တဲ့  မျိုးရိုးမြင့် အထက်တန်းလွှာ မိန်းကလေးနဲ့ လက်ထပ်ထားပါတယ်..

ဒုတိယသမီးကတော့ .. အမတ်တစ်ဦးရဲ့ သားနဲ့ လက်ထပ်ခဲ့တယ်..  အမတ်လီရဲ့ အကြီးဆုံးသား မဂ်လာပွဲကို တက်ရင်း အမတ်ရဲ့သားနဲ့ သူ့သမီးဟာ မြင်မြင်ချင်းချစ်ကြိုက်ခဲ့တာဖြစ်တယ် ...

စက်ဆုပ်ဖွယ် ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now