[04]

1.3K 127 19
                                    

အဖေနှင့်သားတွေ့ဆုံခြင်း

လီရှို့ယင်ရဲ့ သေလုနီးပါး ၃ရက်တာ မေ့မြောပြီးနောက် နလန်ပြန်ထူလာနိုင်တဲ့ သတင်းဟာ တမဟုန်ချင်း နန်းတွင်းထဲမှာ ပျံ့နှံ့သွားခဲ့တယ် ..

အမတ်ချုပ်လီ နဲ့ သူ့ဇနီးအတွက် ဝမ်းသာစရာဆိုပေမယ့် တခြား ကိုယ်လုပ်တော်တွေအတွက်ကတော့ စိတ်ဆင်းရဲစရာပဲလေ ..

အထိန်းတော်ချုပ် ကုန်းကုန်းဆီကနေ ကြားရတဲ့သတင်းကြောင့် ဝူကျန်းဝေလည်း အတော်လေး အံ့အားသင့်နေတယ် ... ဒါပေမယ့် သူဟာ လီရှို့ယင် ဆီ အလည်သွားဖို့ စိတ်ကူးမရှိခဲ့ဘူး..

ပထမတစ်ချက် : သူဟာ လီရှို့ယင်ကို ဘာမျှော်လင့်ချက်အမှားမှ မပေးချင်လို့ပဲ ...
ဒုတိယတချက် : သူဟာ လီရှို့ယင် အလည်သွားတဲ့အကြောင်း တခြား ကိုယ်လုပ်တော်တွေ ကြားသိခဲ့ရင် လီရှို့ယင် ဒီထက် ပိုအန္တရာယ် များလိမ့်မယ် ..

အဆိပ်ခတ်တဲ့သူဟာ သူ့ရဲ့ မိန်းမကိုယ်လုပ်တော်တွေထဲက တစ်ယောက်ရဲ့လက်ချက်ဆိုတာ သူသိပြီးသား... ကိုယ်လုပ်တော်တွေ မြှောက်ရင် မောင်းမဆောင်တွေမှာ ဒီလို ခြေပုန်းခုတ်ပွဲတွေ ဖြစ်လာမယ်ဆိုတာလည်း သူသိပြီးသားပဲ ... သူ မိန်းမတွေရဲ့ မပြီးဆုံးနိုင်တဲ့ ဒရာမာတွေကို တကယ်မုန်းတယ် ..

" အမတ်ကြီးလီ ... မင်းရဲ့သား အဆိပ်သင့်နေတာကနေ ပြန်လည် သက်တော်လာပြီး ဈေး‌ထဲကိုတောင် အလည်အပတ်သွားခဲ့တယ်လို့ ကိုယ်တော်ကြားခဲ့တယ် .. "

အပြင်ပန်းမှာသာ တည်ငြိမ်ချင်ယောင်ဆောင်နေပေမယ့် လီရှစ်ကျန့် စိတ်ထဲမှာတော့ ဆဲနည်းပေါင်းစုံနဲ့ ကျိန်ဆဲနေခဲ့တယ် ...

' သူက မင့်ကိုယ်လုပ်တော်လေ.. သူ့အကြောင်း မင်းက ငါ့ထက် သိမှာပေါ့ .. မင်းက သူ့ကိုအချိန်မပေးတဲ့အပြင် ဂရုလည်းမစိုက်ဘူး.. မင်း ဧကရာဇ်သာမဟုတ်နေရင် ငါမင်းကို သတ်ပစ်လိုက်တာကြာပီး .. '

" ဟုတ်ပါတယ် .. အရှင်မင်ကြီး ... လီရှို့ယင်ရဲ့ အစေခံက မနေ့ကပဲ သတိရလာတယ်လို့ ကျွန်‌တော့်
ကို သတင်းပေးပြီးပြီ .. "

" အို့ .. " ဝူကျန်းဝေ တည်ငြိမ်စွာတုံ့ပြန်လိုက်တယ် ...

" အရှင်မင်းကြီး သူ့ဆီ မသွားဘူးလား? "

စက်ဆုပ်ဖွယ် ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now