[05]

2.3K 198 50
                                    

အလှလေးနှင့်တွေ့ဆုံခြင်း

ရှို့ယင်နဲ့ သူ့အဖေဟာ တစ်ယောက်နဲ့ တစ်ယောက်လက်ချင်းချိတ်ပြီး ဥယျာဉ်အတွင်း လမ်းလျှောက်နေခဲ့တယ် ... အဖေနဲ့သား အတူတူရှိချိန်ဟာ ရှားပါးတာမို့  ကျင်းရီနဲ့တခြားအစေခံတွေဟာ သူတို့ကို မနှောင့်ယှက်ဘဲ အတူတူအချိန်ကုန်ဆုံးစေခဲ့တယ် ..

ရှို့ယင်ဟာ မရပ်မနား စကားတွေများနေပေမယ့် ဧကရာဇ်အကြောင်း တခွန်းမှ မပြောဘူး... သူ့ရဲ့ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ စိတ်လှုပ်ရှားနေတဲ့အမူအယာကိုတွေ့ရတာ လီရှစ်ကျန့်အနေနဲ့ စိတ်ကျေနပ်တယ် ... အဖေနဲ့ သားဟာ စကားဝိုင်းမှာ နစ်မြောနေလို့ သူတို့ဆီကို ချဉ်းကပ်လာတဲ့ အရိပ်နှစ်ခုကို သတိမထားမိလိုက်ဘူး...

ဝူကျန်းဝေဟာ အစေခံတွေကို သူရောက်ရှိနေတဲ့အကြောင်း အသိမပေးစေခဲ့ဘူး... သူတို့ကို အံ့အားသင့်စေချင်တဲ့အပြင် သူကံကောင်းရင်တော့ သူတို့ဘာတွေပြောနေကြသလဲဆိုတာကို ခိုးနားထောင်ချင်လို့ပဲ..

' မင်းအဖေကို ဘာတွေများ နားပူနားဆာလုပ်ပြီး တိုင်တောဦးမလဲဆိုတာ ကိုယ်တော်ကြည့်ရသေးတာပေါ့.. ' ဝူကျန်းဝေ အတွေးထဲမှာ ကြုံးဝါးနေတယ် ..

ဟွမ်ဖေးဟုန် သူ့သူငယ်ချင်းရဲ့ ရည်ရွယ်ချက်ကို သိနေတဲ့အလား ခေါင်းကိုသာ အသာ ယမ်းလိုက်မိတယ်..

' သူက ဧကရာဇ်ကော ဟုတ်ရဲ့လား? တစ်ပါးသူ စကားပြောတာကို ခိုးနားထောင်တာ သိပ်ကလေးမဆန်လွန်းဘူးလား? .. '

ဝူကျန်းဝေ နဲ့ ဟွမ်ဖေးဟုန် ရောက်ရှိလာတဲ့ အခါမှာတော့ လီရှစ်ကျန့်နဲ့ လီရှို့ယင်ဟာ ငါးကန်လေး ရှေ့မှာရပ်နေကြတယ် ...

လီရှို့ယင်ဟာ သူ့အဖေကို ဒီနေရာမှာ ဒီလောက်ကြီးတဲ့ ငါးကန်ကြီး ရှိနေပေမယ့် အသုံးမဝင်တဲ့အကြောင်း .. ငါးကန်မှာ ငါးတွေ မရှိဘဲ ပေါင်းပင်တွေသာ ရှိကြောင်း ကလေးလေးလို တိုင်တောနေတော့တယ် ...

ရှို့ယင်ဟာ ဥယျာဉ်ဝင်းရဲ့ ဝင်ပေါက်ကို ကျောပေးပြီးရပ်နေတာမို့ အရိပ်နှစ်ခုက သူတို့ဆီ ဦးတည်လာနေတာကို သတိမထားမိလိုက်ဘူး..

You've reached the end of published parts.

⏰ Last updated: Jul 10, 2023 ⏰

Add this story to your Library to get notified about new parts!

စက်ဆုပ်ဖွယ် ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now