[02]

1.4K 153 5
                                    

တောက်ပသောငယ်ရွယ်မှုကို
နှုတ်ဆက်ရခြင်း

[2019]

" အဖေ နဲ့ အမေ ကျွန်တော် အလုပ်သွားတော့မယ် .. "

မော့ရှို့ယင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေရဲ့ ဓာတ်ပုံကို အနမ်းချွေလိုက်တယ် ...

မော့ရှို့ယင်ဟာ အသက် ၂၄ နှစ်ရှိပြီ မြို့ထဲက ဆေးရုံကြီးတစ်ခုထဲမှာ နေထိုင်ပါတယ်.. သူ့အသက် ၁၄နှစ်သားမှာ မိခင်ဟာ ကားမတော်တဆမှု ဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ် .. ဖခင်ဖြစ်သူဟာ  သူ့ကို တကိုယ်တည်း ကြည့်ရှု ကျွေးမွေးစောင့်ရှောက် လာခဲ့ပါတယ် ..   ငါးနှစ်ကြာပြီးတဲ့အခါမှာတော့ သူ့ဖခင်ဟာလည်း အလုပ်အကျွံလုပ်တဲ့အတွက်ကြောင့် အူမကြီးကင်ဆာဖြစ်ပြီး သူ့မိခင်နောက် လိုက်သွားပါတော့တယ် ..

မော့ရှို့ယင်ဟာ ဒီသတင်းကိုကြားပြီး ယူကျုံးမရဖြစ်ကာ ပြိုလဲသွားပါတော့တယ် ... သူဟာ ကိုယ့်ကိုယ်ကို သတ်သေရန် အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့ပေမယ့် ဘုရားသခင်ဟာ သူ့ဝိဉာဉ်ကို ခေါ်ဆောင်သွားခြင်း မရှိခဲ့ပါဘူး ... မော့ရှို့ယင်ရဲ့ ဖခင်ဟာ သူ့အတွက် အသက်အာခံကြေးငွေ အတော်များများကို ချန်သွားခဲ့တယ်..

မော့ရှို့ယင် ‌အမွေတွေအများကြီးရတာကိုကြားပြီး ရှိနေမှန်းတောင်မသိရဘဲ ပျောက်ဆုံးနေတဲ့ နှစ်ဖက်သော ဆွေမျိုးများကလည်း ချက်ချင်းဆိုသလိုပေါ်လာပြီး သူ့ကို ဂရုစိုက်ချင် ဟန်ဆောင်နေကြတယ် .. မော့ရှို့ယင်ဟာ သူတို့ရဲ့ စက်ဆုပ်ဖွယ် ဟန်ဆောင်နေမြင်နေတာကိုမြင်ပြီး ရွံလွန်းလို့ ပျို့အန်မတတ်ပဲ ...

တစ်နေ့ မော့ရှို့ယင်ဟာ မိခင်ဘက်ကအဒေါ်တွေ ရဲ့ ပြန်ပေးဆွဲခံရပြီးတဲ့အခါမှာတော့ ဂျုဒိုကိုယ်ခံပညာရပ် ကို သင်ကြားရန် ဆုံးဖြတ်လိုက်သည်.. ဆွေမျိုးများအားလုံးကိုလည်း ခေါ်ပြီး သူ့အမွေကို လုယူဖို့ ဆိုးဝါးတဲ့လုပ်တွေထပ်မလုပ်ဖို့ သတိပေးခဲ့တယ် ...

တခြားတဖက်မှာလည်း သူရုတ်တရက်သေဆုံးသွားခဲ့ရင် ကျန်ခဲ့‌တဲ့အမွေတွေ အားလုံးကို မိဘမဲ့ဂေဟာကို အကုန်လှူပစ်ဖို့ စီစဉ်ခဲ့တယ် .. ဒီလို လောဘသားတွေရဲ့ လက်ထဲကို သူ မထည့်ပေးချင်ဘူး ...

စက်ဆုပ်ဖွယ် ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now