[03]

1.3K 150 9
                                    

နတ်မိမယ်

မော့ရှို့ယင် လီရှို့ယင်အဖြစ် ကူးပြောင်းလာခဲ့တာ တရက်တာတောင် ရှိသွားပြီး.. ဒီတရက်ထဲမှာ ဘာမှ ထူးထူးခြားခြားမရှိပါဘူး.. မော့ရှို့ယင် တနေကုန် အခန်းအောင်းနေတာကြောင့်မို့လို့ပါ ..

ရှို့ယင် ပြတင်းပေါက်နား ထိုင်နေရာမှ ကုတင်ဆီကို ထလာခဲ့တယ် ... ကျောခင်းလိုက်တယ် .. ပြီးတော့ ထထိုင်ပြီး စားပွဲခုံမှာ ထပ်ထိုင်လိုက်တယ် ... ‌တအောင့်ကြာတော့ ပြတင်းပေါက်နားမှာ ထပ်ထိုင်နေပြန်တယ် .. မိုးလင်းကနေ မိုးချုပ်တဲ့အထိ သူ့ဟာ ဒါကို ထပ်ခါထပ်ခါ လုပ်နေခဲ့တယ် ...

ပြတင်းပေါက်နား မေးတင်ရင်း သူဘာဆက်လုပ်သင့်သလဲလို့ ‌ရှို့ယင်တွေးတောနေခဲ့တယ် .. မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေရှိနေပေမယ့် သူဟာ ဒီနန်း‌တော်နဲ့ မရင်းနှီးတာ အမှန်ပဲ .. တနေကုန်လည်း အခန်းအောင်းနေခဲ့ရတယ် .. ဖြစ်နိုင်ရင် တစ်သက်လုံး သူ ဒီအခန်းထဲမှာပဲ ‌အချိန်ကုန်ရမယ့်ပုံပဲ .. အကယ်၍များ စမတ်ဖုန်း နဲ့ အင်တာနက်သာရှိခဲ့ရင် သူ ဒါကိုလက်ခံနိုင်သေးတယ် .. ဒီနှစ်ခုသာ မရှိရင်တော့ သူ ပျင်းရိပြီး သေသွားလိမ့်မယ် ..

နေ့လည်စာ စားနေရင်း ရုတ်တရက် ရှို့ယင် သူ့အဝတ်ဗီဒိုထဲက ဖန်စီ ဝတ်ရုံတွေကို သတိရမိသွားတယ် ... အခန်းအောင်းနေချိန်အတွင် သူ အဖြူရောင် အတွင်းဝတ်ကိုသာ ဝတ်ဆင်ခဲ့တယ် .. ဒီလို ရောင်စုံနေတဲ့ ရယ်စရာဝတ်လုံတွေကို သူမဝတ်နိုင်ပေါင်.. ပထမဆုံးတွေးမိတာက ဗီဒိုထဲက ဝတ်ရုံတွေအကုန်လုံးကို လဲပစ်ဖို့ပင် ..

" ကျင်းရီ .. မင်းငါ့အတွက် ဝတ်ရုံအသစ်တွေ ယူပေးလို့ရမလား? .. "

" သခင်လေး ဝတ်လုံအသစ် လိုချင်လို့လား? "

" အင်းလေ.. ငါ ရိုးရိုး ဗြောင် အရောင်လေးတွေ လိုချင်တယ် .. အရောင်နုနုလေးတွေ ရရင်ပိုကောင်းတယ် .. "

ဖြစ်နိုင်ရင်ငါက အဖြူမ‌ဟုတ်ရင် မီးခိုးရောင်လိုချင်တယ် .. ဒါပေမယ့် ကိုယ်လုပ်တော်တစ်ယောက်နေနဲ့ ဒါတွေကို ဝတ်ဆင်ရင် မလိုလားအပ်တဲ့ အာရုံစိုက်ခံရမှုတွေ ရှိနိုင်တယ် ..

စက်ဆုပ်ဖွယ် ကိုယ်လုပ်တော်အဖြစ် နိုးထလာခြင်းWhere stories live. Discover now