အပိုင်း ၁

476 18 2
                                    

ကြီးမားပြီးကျယ်၀န်းသည့်အိမ်တော်တစ်ခုဖြစ်သည့်၀မ်အိမ်တော်

စီးပွားရေးနိုင်ငံရေးနှင့်ပတ်သက်လျှင်အဓိက အားထား အားကိုးရသည့်အိမ်တော်တစ်ခုဖြစ်ပြီး. လက်ရှိနိုင်ငံခြားရေး၀န်ကြီးတစ်ဦးဖြစ်သည့်၀မ်မင်းရှန်နှင့် လက်ရှိသမ္မတတို့ကလည်းကျောင်းနေဖက်သူငယ်ချင်းများဖြစ်သည်.

ပေကျင်းရှိ လူကုံထန်အသိုင်းအ၀ိုင်းများနေထိုင်ရာ မင်းနေပြည်တော်ပုံစံငယ်ရပ်၀န်းတွင်အကြီးမားဆုံးနှင်အာဏာအရှိဆုံးအိမ်တော်ကိုပြပါဆိုရင်၀မ်အိမ်တော်ကိုပြရမည်ဖြစ်သည်

အိမ်တော်ရှိဧည့်ခန်းထဲမယ်အိမ်ကြီးရှင်သခင်မကြီးဖြစ်သည့်၀မ်သခင်မကြီးနှင့်အတူလူစုံနေသည်...

မာမား.... သေချာစဥ်းစားပါဦးမားရယ်....
ဒီအရွယ်ကြီးကျမှ..မားဟာက မဟုတ်သေးပါဘူး.....

အလိုမကျစွာထွက်လာသည့်သားတော်မောင်၀မ်ရိပေါ်ရဲ့လေသံကို၀မ်သခင်မကြီးက မျက်စောင်းတစ်ချက်ထိုးလို့ မကြိုက်ဟန်ပြသည်.
ရိပေါ်ဘေးနားမှမိန်းကလေးငယ်ဟန်ထုံထုံတစ်ယောက်ကတော့ကြားလိုက်ရသည်များကိုမယုံကြည်နိုင်သည်အရိပ်မပြပဲ ငြိမ်သက်နေသည်

သူမဒီစကား၀ိုင်းမှာ၀င်ပါလို့မရဘူး. သူမက လျာထားခြင်းခံရတဲ့ချွေးမသက်သက်ပဲ. အပိုဆောင်းဂုဏ်ပုဒ်ရယ်လို့လည်းရှိမနေဘူး. ဒီနေရာမှာ၀မ်ရိပေါ်ဆိုသည့် စီးပွားရေးနိုင်ငံရေးမှာ ဘုရင်ဖြစ်သည့်သူနှင့်တစ်ခုံတည်းထိုင်နေရတာကိုကသူအတွက်တော်တော်ကြီးကိုကံကောင်းနေသည်.

မျိုးရိုးအစဥ်အဆက် ချမ်းသာလာသည့်ဟန်ထုံထုံမိသားစုသည် အပြင်မှာသာမောက်မာနိုင်လိမ့်မယ်. ၀မ်အိမ်တော်ရှိ ၀မ်သခင်မကြီးကိုတော့သေအောင်ကြောက်ရပါသည်. သူမတို့ချမ်းသာသမျှသည်၀မ်သခင်မကြီးလက်နှင့်လွတ်သည်မှမရှိ သူမအဖေကိုယ်တိုင်ကအစ ဦးညွှတ်ရိုသေနေရသည့်. နိုင်ငံတော်သမ္မတကိုယ်တိုင် ကအစ မာမားလို့ခေါ်နေရသည့်၀မ်သခင်မကြီးရဲ့အငြိုငြင်လည်းမခံနိုင်ပါ.

အသက်၁၀နှစ်ကတည်းက ထုံထုံလေးကိုငါ့အိမ်လာပို့ထား. ရိပေါ် အဖော်မရှိလို့ဆိုသည့်စကားတစ်ခွန်းနှင့်အတူ စံအိမ်ကြီးရဲ့အနောက်ဖက်ခြမ်းတွင်ကိုယ်ပိုင်ခြံ၀န်းအစေခံတွေနဲ့နေခွင့်ရသည့်သူမသည်၀မ်အိမ်တော်ရဲ့တရားမ၀င်သခင်မလေးတစ်ပါးပုံစံနှင့်သာနေရပါသည်.

အဖေအမေကိုယ်တိုင်ကိုက ပျော်ရွှင်စွာကျိုးနွံစွာ နောင်အနာဂတ်ကိုဘယ်တော့မှပူစရာမလိုတော့ဘူးဆိုပြီးပို့ခဲ့ကြတာပင်ဖြစ်သည်.
တကယ်လည်းပူစရာမလိုခဲ့သလိုသူမကြောင့်ပဲသူမတို့အဖေနှင့်အမေသည် နေရာစုံတွင်စီးပွားရေးများချဲ့ထွင်နိုင်ခဲ့ပြီး.၀မ်သခင်မကြီးကအထောက်အပံ့အပြည့်အစုံပေးထားပြီးသူဌေးလုပ်ခွင့်ပေးထားသည်မဟုတ်ပါလော

သားဘာမှကန့်ကွက်နေစရာမလိုဘူးရိပေါ်.
မင်းအမေငါက အသက်ကြီးပြီ အနားမှာ တီတီတာတာပြောပေးမဲ့ကလေးတစ်ယောက်လောက်လိုချင်တာအပြစ်လား.
နင့်ကိုလည်းမွေးခိုင်းနေတာမဟုတ်ဘူး. ဘာမှဖြစ်မနေနဲ့. ငါစတယ်လာရဲ့ဂေဟာက်ိုသွားလေ့လာပြီးကလေးတစ်ယောက်ကိုမွေးစားမယ်.

မင်းကိုအသိပေးတာ. အခုအလုပ်ကိုပြန်လို့ရပြီ.

ထုံထုံ. သမီးကခဏနေခဲ့. မာမားပြောစရာရှိသေးတယ်.

ရိပေါ်ကတော့ဘာမှ ဆက်မပြောနိုင်ပါ
အသက်၅၀ကျော်မှ ကလေးတစ်ယောက်ကို အစကပြန်ထိန်းမဲ့မာမားကိုနားမလည်ပါ.ဒီကိစ္စအဖေက ဘာမှ မပြောဘူးလားလို့လည်းမမေးတော့ဘူး. အစကတည်းက အဖေက ဒါမျိုး၀င်ပါတဲ့လူမျိုးမှမဟုတ်တာ.
ထားလိုက်တော့ရှိစေတော့. ကလေးတစ်ယောက်ပဲလေ.
ထုံထုံ နင်companyကိုပြန်လာရင်၀ိုင်စက်ရုံတွေရဲုအနှစ်ချုပ်စာရင်းအပြီးတင်တဲ့ဌာနမှာပြသနာသွားရှင်းပေးလိုက်...
ငါ မကာအိုသူဌေးနဲ့တွေ့ဖို့ရှိလို့.

အင်း..အင်း...ငါသွားလိုက်မယ်.

အတွင်းရေးမှူး၀မ်နင်ကတော့အလိုက်သိစွာကားတံခါးကိုသွားဖွင့်နေသည်မို့ဆိုဖာကနေထပြန်လိုက်တော့သည်.

ကျန်တဲ့သူတွေပြောချင်တာသာပြောကြတော့. စိတ်မ၀င်စားတော့ဘူး....

..........................

ထုံထုံတစ်ယောက်၀မ်သခင်မကြီးပြောတာတွေကိုတွေးရင်းကားမောင်းလာခဲ့သည်. ၀မ်သခင်မကြီးကအတော့်ကိုခေါင်းမာသည့်သူမျိုးဖြစ်ပြီး. လုပ်ချင်တာလုပ်ရမှကျေနပ်မည့်သူဖြစ်သည်။

သူမကိုကလေးမထိန်းခိုင်းတာပဲကျေးဇူးတင်ရမည်.. အရွယ်ရောက်လို့ကျောင်းအပ်ဘာညာ လုပ်ပေးရတာကတစ်မျိုးပေါ့လေ. ထားပါတော့....

ဘယ်ကလေးဖြစ်မလဲမသိပေမဲ့ ရောက်လာမည့်ကလေးကတော့အလွန်ကိုကံကောင်းတဲ့သူဖြစ်မှာအမှန်ပင်.

ခရမ်းရင့်ရောင်ချည်တစ်စရစ်တွယ်သည်Where stories live. Discover now