အပိုင်း၄

176 17 1
                                    


ထုထုတစ်ယောက်အခန်းထဲမှာ အ၀တ်တွေရွေးရင်းအလုပ်များနေပါသည်.
မာမားကထုထုအတွက်ဆိုပြီး အရုပ်လေးတွေပါတဲ့အကျီလေးတွေအများကြီး၀ယ်ပေးထားသည်.
အနီရောင်ကြိုက်တဲ့ထုထုကတော့ အနီပဲ၀တ်ချင်နေပေမဲ့လည်းမာမားက အရောင်စုံလေး၀တ်တာကထုထုနဲ့ပိုလိုက်တယ်တဲ့...
အာ့ကြောင့်မို့မာမားစကားကိုနားထောင်တဲ့အနေနဲ့ထုထုကဒီနေ့အ၀ါရောင်လေး၀တ်ဖို့ရွေးထားပါတယ်ခင်ဗျ.....

ထုထုကိုဒီနေ့အပြင်ခေါ်သွားမယ်လို့မာမားကပြောပါတယ်. ထုထုကတော့အလုပ်တွေများနေပေမဲ့လည်းမာမားကိုအဖော်လုပ်ပေးဖို့ထုထုက အပြင်ကိုလိုက်မှာပါ....
အောက်ထပ်မှာမာမားနဲ့ ပူတင်းစားပြီးရင်အပြင်သွားဖို့ချိန်းထားပါတယ်ခင်ဗျ .....

ထုထုလေးရေ....ထုထုလေးရေ.....သခင်မကြီးကပူတင်းလာစားပါတဲ့.....

အ၀တ်တွေရွေးပြီးရင်ထားခဲ့နော်...မမစုစုသိမ်းပေးမယ်....ထုထုလေးကအောက်ဆင်းလာတော့နော်. 

လာပါပြီခင်ဗျ....လာပါပြီ...

တံခါးကိုဖွင့်ရင်းဟီးခနဲရီပြသောထုထုက ပိုးကောင်ဖြူဖြူလေးနဲ့တူသည်....
စုစုကတော့ရောက်တာ ၁လမပြည်သေးတဲ့ကလေးကိုချစ်နေရတာပါပဲ.....တီတီတာတာပြောတတ်ရုံမက ...အတတ်ကလေးဖြစ်နေသောထုထုက တစ်အိမ်လုံးရဲ့အချစ်ခံပါ....တစ်အိမ်လုံးကြောက်ရသော သခင်လေးရိပေါ်ကို ခါးထောက်ပြီးရန်ဖြစ်ရဲတာလည်းထုထုတစ်ယောက်ပဲရှိပါတယ်.

သခင်လေး၀မ်မင်းရှန်ရဲ့ချောကလက်ဘူးကိုအမြဲစားရတာလည်းထုထုပါပဲ... .

မမစုစု ...

ရှင့်...

ထုထုကိုကြည့်ပါဦး...ချစ်စရာကောင်းရဲ့လားဟင်...

အိုး...မမစုစုရဲ့ကလေးလေးက ချစ်ဖို့အကောင်းဆုံးပဲ....
အ၀ါရောင်လေးနဲ့ချစ်စရာလေး....လာအောက်ဆင်းကြမယ်....

စုစုရဲ့လက်ကိုကိုင်ပြီး သေချာအောက်ဆင်းတဲ့ထုထုက၀ါဂွမ်းလုံးလေးလိုပါပဲ....
သခင်မကြီးရဲ့မျက်၀န်းတွေကချစ်ခြင်းအပြည့်နဲ့ပင်...

သခင်လေးရိပေါ်က စင်ကာပူကိုထွက်သွားတာ၄ရက်ရှိနေပြီဖြစ်ပြီး....ဒီနေ့ပြန်ရောက်မှာဖြစ်သည်.

ခရမ်းရင့်ရောင်ချည်တစ်စရစ်တွယ်သည်Where stories live. Discover now