အပိုင်း3

183 22 1
                                    

နိုင်ငံခြားရေးရာ၀န်ကြီးတစ်ဦးဖြစ်သည့်၀မ်မင်းရှန်
ခေါင်းကုတ်နေရပြီ....ဘယ်လိုတွေတောင်မာတာမိခင် ကျေးဇူးရှင်ဟာလုပ်ချလာသလဲဆိုတာ......ဘာမှကိုမပြောနိုင်တော့တာ.....

ဧည့်ခန်းဆောင်ရဲ့ကြမ်းပြင်မှာခြေ၂ချောင်းကိုဆင်းပြီးအရုပ်တွေအများကြီးပတ်လည်၀ိုင်းနေသောမစ်ကီမောက်အနီရောင်၀မ်းဆက်ကလေးကို၀တ်ထားသောကောင်လေးငယ်ငယ်လေးကိုကြည့်လိုက်...မာတာမိခင်က်ိုကြည့်လိုက်နှင့်ဗျာများနေရသည်.....ပါပါးကတော့ကျေနပ်နေသည့်ပုံ.  တစ်ပြုံးပြုံးနှင့်.....
သူပဲကွက်ပြီး..မိုးမဲနေတာလားမသိ.....

အသိတော့ပေးထားပါရဲ့...ကလေးတစ်ယောက်မွေးစားမလို့တဲ့.....အိမ် တော်ကိုရောက်ရင်လှမ်းအကြောင်းကြားမယ်ဆိုပြီး..စိတ်အေးလက်အေးနေနေတာ.... သူသိတဲ့ကလေးက ၄နှစ် ၅နှစ်ထင်နေတာလေ.....
ဘယ်လိုလုပ်ဒီလိုဟာတုန်း......
ညီတော်မောင်ကိုလည်းလှမ်းခေါ်ထားပုံရသည်...ဟန်ထုံထုံကလည်းရောက်ကတည်းကမီးဖိုချောင်၀င်လိုက်ဦးမယ်ဆိုပြီးသွားတာပေါ်မလာတော့....သူလည်း၀င်မပါချင်ပုံပဲ....အေးပေါ့လေ . အဲ့ကောင်မလေးလည်းမာမားက်ိုကြောက်ရသည်ပဲ...ဘာ၀င်ပြောရမှာတုန်း.....
ညီတော်မောင်နဲ့သဘောတူထားသည်သာပြောတာ....ဟိုက တစ်ခါလောက်အော်ရင်နေစရာနေရာမရှိအောင်ကြောက်တတ်သူက...ဘယ်လိုတွေ၂ယောက်သားသွားနေကြမှန်းမသိ....ထားလိုက်တော့ သူ့ ကိစ္စမဟုတ်....

အရေးကြီးတာက ရှေ့ကကလေးလားလူကြီးလားမသိသောသူလေး.....အရမ်းချစ်စရာကောင်းတာပဲလို့တွေးမိလိုက်ပေမဲ့....ကျပ်မပြည့်ဘူးလို့သိရပြန်တော့ သနားသွားတယ်.....မာမားဟာလေ...ဘယ်လိုတောင်...

တီ .တီ. ..
အယ်...သားငယ်ပြန်လာပြီ....
အိမ်အကူကောင်မလေးတစ်ယောက်က ရိပေါ်လက်ထဲက အိတ်ကိုလက်လွှဲယူတော့...အိမ်ခန်းထဲ၀င်လာလိုက်သည်....

မျက်ခုံးတောင်နည်းနည်းပင့်သွားသည်...မင်းရှန် ..ဒီလောက်အလုပ်များတဲ့....သမ္မတနားကပ်နေတဲ့ကောင်က..အိမ်ကိုဘာလာလုပ်တာလဲ..... ထင်တော့ထင်သား လမ်းထိပ်အ၀မှာကတည်းက ကားတန်းကြီးကိုမြင်ကတည်းက....

ဟိုနေ့ကဂျပန်မှာဆိုပြီး....ခုပြန်ရောက်နေပြီပေါ့. 

မာမား.....ကျွန်တော်ပြန်ရောက်ပြီ...

ခရမ်းရင့်ရောင်ချည်တစ်စရစ်တွယ်သည်Where stories live. Discover now