အပိုင်း၂

206 21 2
                                    

ကျောင်းအုပ်ကြီးစတယ်လာဦးဆောင်သည့်ကျောင်း၀န်းအတွင်းက ကလေးများသည် ပျော်ရွှင်စွာကစားနေကြပြီးဟိုဟိုသည်သည်လျှောက်ပြေးဆော့နေသည်ကို၀မ်သခင်မကြီးက အပြုံးမျက်နှာဖြင့်လိုက်ကြည့်နေသည်.

အပူအပင်ကင်းကာ လိုချင်တပ်မက်မှုကင်းမဲ့သည့်ကလေးများသည်၀မ်သခင်မကြီးေကျာင်း၀န်းထဲ၀င်လာခါစက စပ်စုသလိုမျိုးလေးကြည့်ကြပေမဲ့လည်း ပြီးတော့လည်းပြန်ဆော့နေကြတာပင်.

ရုံးခန်းထဲ၌...

စတယ်လာ...ငါကလေးတစ်ယောက်လောက်ကိုအွေးစားချင်တယ်. နင်သင့်တော်တာလေးတွေငါ့ကိုစီစဥ်ပေးမလား....အရမ်းကြီးငယ်တာမျိုးတော့မလိုချင်ဘူး...၅နှစ်၆နှစ်လောက်ပေါ့...ယောကျာ်းလေးပိုကောင်းတယ်.....
၀မ်သခင်မကြီးစကားအဆုံးတွင်

စတယ်လာ့မျက်နှာတွင်စဥ်းစားလိုက်သည့်အမူအရာမျိုးမဖြတ်ပြေးသွားပဲတည်ငြိမ်စွာဖြင့်သခင်မကြီးရဲ့မျက်နှာကိုငေးကြည့်နေသည်.
အံ့သြခြင်းဟူသည်မပြ. သို့သော် သူမတစ်စုံတစ်ခုသောအကြောင်းအရာကိုအကောင်အထည်ဖော်ချင်နေမှန်းသူမရဲမျက်၀န်းနက်နက်များကိုကြည့်မိပါက ခန့်မှန်းနိုင်လိမ့်မည်.

သခင်မကြီးရှင့် .ကျွန်မသင့်တော်မယ်ထင်တာလေးတွေ့ထားပါတယ်.
ဒါပေမဲ့အဲ့ကလေးကိုသခင်မကြီးသဘောကျပါ့မလားဆိုတာကလည်းရှိနေသေးတယ်.

ဘာဖြစ်လို့လဲစတယ်လာ. ချို့ယွင်းချက်ရှိနေလို့လား...ကလေးက.

ဟုတ်ပါတယ်သခင်မကြီးချို့ယွင်းချက်ရှိနေလို့ပါ.
ဘယ်လိုမျိုးလဲ....အနေတာတော့မဟုတ်ဘူးမလား..
ငါက တီတီတာတာလေးတွေကြားချင်လို့ပါအေ....

မဟုတ်ပါဘူး..မဟုတ်ပါဘူး..သခင်မကြီးရယ်...ဟိုလေကလေးက....အင်းကျွန်မ မပြောပြတော့ဘူးနော်...
ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်နော်....ကျွန်မကလေးကိုသွားခေါ်ခိုင်းလိုက်မယ်.

ပြောပြောဆိုဆိုဖြင့်အခန်းအပြင်က ကောင်မလေးတစ်ယောက်ကိုသွားခေါ်ခိုင်းလိုက်သည်...
မသိမသာစိတ်လှူပ်ရှားနေသည်က သခင်မကြီးဆိုလျှင် မသိမသာသက်ပြင်းချနေသည်ကစတယ်လာပင်.....သူတကယ့်ကိုထုထုလေးကိုချစ်ပါသည်. အကောင်းဆုံးတွေကိုသာပေးချင်သည်သူမရဲ့စေတနာတွေ...အဆင်ပြေပါစေ...

ခရမ်းရင့်ရောင်ချည်တစ်စရစ်တွယ်သည်Where stories live. Discover now