အပိုင်း6

140 18 1
                                    


အပိုင်း6. ခရမ်း

ဒီနေ့ထုထုကျောင်းတက်ရပါတယ်.....တနလာ်နေ့ဖြစ်တာကြောင့် အပျင်းကြီးလို့လည်းမရပါဘူး...

မမထုံထုံက ၇နာရီဆို ထုထုကိုလာနိုးနေကျဖြစ်ပေမဲ့လည်း ထုထုက ဒီနေ့ထူးထူးခြားခြားအစောကြီးနိုးနေပါတယ်.....ဒါကြောင့်မို့မမထုံထုံကိုမစောင့်ပဲမျက်နှာကိုစတော်ဘယ်ရီဆပ်ပြာလေးနဲ့သစ်ပြီးပူရှိန်းအရသာလေးပါတဲ့သွားတိုက်ဆေးလေးနဲ့သွားတိုက်ပါတယ်.

ရေချိုးခန်းထဲမှာထုထု အလုပ်ရှုပ်နေတုန်း...တံခါးဖွင်ွသည့်အသံကြားရသည် မမလာပြီ

ထုထု.....ထုထုရေ....ကိုယ်၀င်လာပြီ....နိုးပြီလား....

ဟင်....ကိုကိုပါလား....မမထုံထုံရော....

ထုံထုံက ကိုယ်ခိုင်းလိုက်လို့အလုပ်ကိုသွားပြီ....
အခုကျောင်းကို ကိုယ်လိုက်ပို့ပေးမယ်.... ထုထုက အဆင်သင့်ဖြစ်ပြီလား....
ဟင့်အင်း...ဟင်အင်း...

မဖြစ်သေးပါဘူးနော်...ထုထု ဘာမှ မပြင်ဆင်ရသေးဘူး.....

(ကိုကိုကူညီရင်ကောင်းမယ်....)

ထုထုကအရမ်းကိုချစ်ဖို့ကောင်းပြီးလှချင်နေတာပါနော်.....ချွဲကလည်းချွဲချင်တာပေါ့...မမထုံထုံက ​ေတာ့အဲ့လိုမဟုတ်...တည်တည်ကြီး....ထုထုက သိပ်မချစ်ဘူး......
အွန်း.......ကိုကိုကတော့ထုထုကိုအလိုလိုက်မယ်လို့မျှော်လင့်ရတာပါပဲ......

ကိုကိုရေ.....ထုထုကိုပြင်ဆင်ပေးပါ့လား.....!

ပြင်ဆင်ပေးရမယ်..?  ..ကိုယ်ဘာမှ သိပ်မသိဘူးနော်........ ထုထုပြောပြပေးပေါ့.....ကိုယ်ကူညီပေးမယ် .....

ပြောပြောဆိုဆိုရိပေါ်က ဘီရိုဖွင့်လိုက်ပြီးထုထုရဲ့ကျောင်းအ၀တ်ကိုထုတ်ပေးဖို့လက်လှမ်းလိုက်စဥ်ပဲ....

ခါးပေါ်ကိုရောက်လာသောလက်နွေးနွေးလေးတစ်စုံကြောင့်ခဏလေးရပ်တန့်သွားသည်....

ထုထုဘာဖြစ်လို့လဲ.....လက်သေးသေးလေးအပေါ်လက်၀ါးအကြီးကြီးထပ်လို့ အမေးပြုတော့. ပါးနုနုလေးက ကျောကိုမှီလာတဲ့ခံစားချက်က ရိပေါ်ကိုရင်တုန်စေတယ်......

ကလေးကိုဆန့်ကျင်သလိုဖြစ်မှာဆိုးလို့စိတ်ကိုချုပ်ထိန်းပြီးခေါင်းကိုနောက်လှည့်ကြည့်လိုက်ပြီး ထုထုနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ဒူးထောက်ထိုင်ချလိုက်သည်.....

ခရမ်းရင့်ရောင်ချည်တစ်စရစ်တွယ်သည်Where stories live. Discover now