1.

5.3K 226 12
                                    


•ကိုယ်နောက်ကျမယ် ဆောနူ•

•ရတယ် ကျနော်စောင့်နေမယ်•

ဆောနူစာပြန်လိုက်ပြီးနောက်
လက်ထဲကဖုန်းကိုအသာချလိုက်မိသည်။

နည်းနည်းလောက်ထပ်စောင့်လိုက်တော့ဘာဖြစ်မှာမလို့လဲ။
သူကစောင့်နေကျပဲဟာ။

သူ့အတွက်ကျေနပ်အောင်နေတတ်စရာတွေဖြစ်နေခဲ့ပြီလေ။

ထို့နောက်ရေခဲမုန့်တစ်ခွက်ထပ်မှာကာ
လာချပေးသွားတဲ့ waiter ကောင်လေးကိုတစ်ဆက်တည်း
အပြုံးနုနုနှင့်တုံ့ပြန်လိုက်မိသည်။

သူဟာဘယ်လောက်အေးစက်စက် သူ့အပြုံးတွေက
နေရောင်ခြည်လိုနွေးထွေးမှန်းသူသိသည်။

အကိုကပြောနေကျဆိုတော့လည်း..။

ဆိုင်ကနာရီကိုတစ်ချက်ကြည့်လိုက်တယ်။
လက်တံတိုလေးက ဆယ့်နှစ်ကိုညွှန်ပြနေပေမယ့်
သူနေ့လည်စာမစားရသေးဘူး။
ရှင်းရှင်းပြောရရင် မနက်စာမစားခဲ့တဲ့
သူ့ရဲ့ပေါ့လျော့မှုကိုအရင်ပြောရမှာပေါ့။

အကို့ကိုပေးစရာရှိလို့ချိန်းထားပြီး
ကြည့်ကောင်းအောင်ပြင်ဆင်နေလို့ မနက်စာကိုလက်လွတ်ခဲ့တာ။
သူဒီမှာထိုင်နေတာ မနက်ကိုးနာရီကတည်းကပဲ။

အစည်းအဝေးသာမရှိရင်အကိုကသူ့ဆီတန်းလာမှာပါပဲ။
ဒါပေမယ့်အဲ့အဖန်တရာထပ်နေတဲ့အလုပ်တွေ အစည်းအဝေးတွေကြောင့်ပဲ
အကိုကသူ့ဆီတန်းနေအောင်မလာနိုင်တာ။

တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်။
ငါးခါချိန်းရင်လေးခါလောက်ကအဲ့လိုအချိန်တွေချည်း။

နာရီပေါင်းများစွာထိုင်နေပေမယ့် ဆောနူက
အိမ်ကနေပြင်ဆင်ပြီးထွက်လာတုန်းကအတိုင်း
သပ်သပ်ရပ်ရပ်လေး။

ဖုန်းကင်မရာကိုဖွင့်ပြီး ဆံပင်ကိုပါသပ်သပ်ရပ်ရပ်ဖြစ်အောင်
ပြန်ပြင်လိုက်ပြီးနောက် သူဟာလုပ်စရာမဲ့သွားခဲ့တယ်။
အခုဆို ရေခဲမုန့်ကလည်းကုန်နေပြီ။
ထပ်မှာရင်လည်းသူပဲချောင်းဆိုးရတော့မယ်။

𝘽𝙞𝙡𝙡𝙨 [𝙃𝙀𝙀𝙎𝙐𝙉]Where stories live. Discover now