4.

1.1K 154 2
                                    


ဟီဆွန်းနောက်ဆုံးကျန်တဲ့အလုပ်ကို
လုပ်ပြီးသွားတာနဲ့ အကြောဆန့်ပြီး
နာရီကိုကြည့်လိုက်သည်။

မနက်သုံးနာရီကျော်နေပြီပဲ။

ဒါပေမယ့်အလုပ်တွေပြီးသွားပြီမို့
ဟီဆွန်းကတော့လန်းဆန်းနေခဲ့တယ်။

မနက်ဖြန်ကျရင် တစ်နေ့လုံးကုမ္ပဏီမသွားတော့ဘဲ
ဆောနူကိုအချိန်ပေးချင်လို့လေ။
အလုပ်တွေအကုန်ကြိုဖျက်ထားတာ။

ဆောနူသွားချင်တဲ့နေရာတွေလိုက်ပို့ပေးမယ်
ဆောနူလုပ်ချင်တာတွေဖြည့်ဆည်းပေးမယ်
ဆိုတဲ့စိတ်ကူးလေးနဲ့တင် သူ့မှာကြိုပြီးစိတ်လှုပ်ရှားနေရပြီ။

အသက်၂၈နှစ်အရွယ် အလုပ်တွေနဲ့ချာလည်နေတဲ့
သူ့ဦးနှောက်ထဲ သူ့ထက်ငါးနှစ်နီးပါးငယ်တဲ့
ချစ်သူကောင်လေးတစ်ယောက်ကို
ဘယ်လိုပျော်အောင်ထားရမလဲဆိုတဲ့
အတွေးမျိုးကိန်းအောင်းနေတာ ကံကောင်းခြင်းတစ်မျိုးလိုပဲ။

ညစ်နေတဲ့စိတ်တွေကိုလည်း ခဏလေးအတွင်းမေ့သွားစေနိုင်တယ်။
ဆောနူအကြောင်းတွေးလိုက်တာနဲ့
သူ့ဖိအားတွေအကုန်လုံးလည်းလျော့ကျသွားစေနိုင်တယ်။

ဆောနူကတစ်ကယ့်ကိုကံကောင်းခြင်းလေးတစ်မျိုးပါပဲ။

တစ်ခါတစ်လေကျ လွယ်လွယ်အပျော်ရှာနိုင်တဲ့အရွယ်နဲ့
ဆောနူကသူ့လိုအချိန်မပေးနိုင်တဲ့သူအပေါ်
မလျော့တဲ့ချစ်ခြင်းမျိုးနဲ့ချစ်ပေးပြီး နားလည်ပေးလွန်းတာမို့
ဆောနူကိုချစ်ပေးခွင့်ရတာ သူက
ကံကောင်းလွန်းတယ်လို့လည်းတွေးမိပြန်တယ်။

အမှန်အတိုင်းပါပဲ ဆောနူဝင်လာကတည်းက
သူ့ဘဝကစိုပြေလာခဲ့တာ။

အဲဒါကြောင့် သူကလည်းချစ်မိပြီဆို
အသည်းအသန်ဖြစ်သွားရှာတာပဲ။

ဆောနူကလွဲရင်ဘယ်သူ့ကိုမှမခံစားတတ်တော့ဘူး။
စိတ်လှုပ်ရှားစရာတွေ ရင်ခုန်စရာတွေဆိုတာလည်း
ဆောနူနဲ့တွေ့မှသူ့ကိုယ်ကတုံ့ပြန်တာမျိုး။

သူကလေ အဲ့လောက်ထိဆောနူကိုချစ်ရဲ့သားနဲ့
အနားမှာအမြဲတမ်းအချိန်ပြည့်မရှိပေးနိုင်ဘူးလို့
တွေးလိုက်ရင် ကွဲကွာဖို့ကိုကြိုပြင်ဆင်ထားဖို့သတိပေးနေသလိုပဲ။

𝘽𝙞𝙡𝙡𝙨 [𝙃𝙀𝙀𝙎𝙐𝙉]Where stories live. Discover now