Extra.

1.7K 154 56
                                    

Before reading this extra, I would like to say that if you don't like the ending of this extra after reading it, tell me in the comments. After looking at the results, I will decide whether to unpublished this or not.














"ဒီနေ့ အလုပ်အတွက်မြေနေရာသွားကြည့်ခဲ့တယ် အလုပ်ရှင်ကလည်းအပြင်မှာတွေ့တော့သဘောပိုကောင်းနေတယ်လေ၊ ကြာကြာစကားပြောဖို့တောင်းဆိုပေမယ့် ကျနော်ငြင်းပြီးထွက်လာခဲ့လိုက်တယ် မဟုတ်ရင် အကိုအကြာကြီးစောင့်နေရမှာစိုးလို့ ... ပြီးတော့ အကိုသတိရလာရင်ကျနော့်ကိုအရင်မြင်ရအောင်လို့"

ဆောနူဆေးရုံကုတင်ဘေးကခုံမှာနေရာယူလို့ အရင်ကလိုဂျယ်နဲ့လှန်တင်ထားခြင်းမရှိတဲ့ အကို့နဖူးပေါ်ကခပ်အုပ်အုပ်ဆံပင်ရှည်ရှည်တွေကိုသပ်တင်ပေးလိုက်မိတယ်။

အနည်းငယ်အေးစက်နေတဲ့လက်ဖျားလေးကိုဆွဲယူပြီးပါးပြင်မှာကပ်ထားလိုက်တယ်။ အမြဲတမ်းအားကိုးချင်စရာကောင်းတဲ့လူအဖြစ်နဲ့ပဲမြင်ခဲ့ရတာမို့ အခုလိုဆေးရုံဝတ်စုံနဲ့အကို့ကိုမြင်တွေ့ချင်စိတ်မရှိဘူး။

အကို့လက်လေးတဖြည်းဖြည်းနွေးလာတဲ့အခါ ဆောနူအသာပြန်ချလိုက်ပြီး လက်ဆွဲအိတ်ထဲကအကို့ဖုန်းကိုထုတ်လိုက်တယ်။ သူနာပြုပြန်လာပေးတဲ့ အကို့အင်္ကျီအိတ်ကပ်ထဲကမှန်ကွဲသွားတဲ့ဖုန်းလေးကို ဆောနူပြန်ပြင်ဖို့ဆိုင်သွားအပ်ထားခဲ့တာ။

"ဖုန်းကအကောင်းအတိုင်းပြန်ရလာခဲ့ပြီ တစ်ခါတည်းလော့လည်းဖြည်ခဲ့လိုက်တယ် ကျနော်ဖွင့်ကြည့်ရင်စိတ်မဆိုးဘူးမဟုတ်လား"

ဆောနူပြောပြီးတာနဲ့ ဖုန်းကိုဖွင့်ကြည့်လိုက်တယ်။ လော့စခွင်ကပုံကဒီအတိုင်း ကမ္ဘာလုံးပုံသာ။ စခွင်ကိုအပေါ်ဆွဲလိုက်တော့ သမင်လိုလို ဟမ်းစတားလိုလို အကောင်လေးတွေကိုအကြမ်းဖျင်းရေးခြစ်ထားတဲ့ မသေမသပ်ပုံလေးက wallpaper အဖြစ်နေရာယူထားတယ်။

ဖုန်းကိုဆုပ်ကိုင်ထားတဲ့ဆောနူလက်လေးတင်းခနဲဖျစ်ညှစ်လိုက်မိတာပဲ။
အဲ့ဒါ အကို့ note ထဲမှာတစ်ခါကသူပျင်းလို့လျှောက်ဆွဲမိထားတဲ့ပုံ။

အကိုက wallpaper ထားထားတယ်တဲ့လား...။
ဒီလူကတော့ တကယ်ပဲ ဘာတွေလုပ်နေတာလဲ မိန်းမယူသွားပြီးမှ ၊

𝘽𝙞𝙡𝙡𝙨 [𝙃𝙀𝙀𝙎𝙐𝙉]Where stories live. Discover now