5.

1.1K 155 36
                                    


ဇာတ်ကားကြည့်ပြီး သူ့ရင်ဘတ်ပေါ်မှာပဲ
အိပ်မောကျသွားတဲ့ဆောနူကြောင့်
ဟီဆွန်းမှာ ဘေးနားကရီမုကွန်ထရိုးကို
ဖြည်းဖြည်းချင်းလှမ်းယူလိုက်ပြီး
တီဗီကိုပိတ်လိုက်ရသည်။

သူလှုပ်လိုက်ရင်ဆောနူနိုးသွားမှာစိုးတာကြောင့်
ကုတင်ခေါင်းရင်းကိုမှီထားတဲ့ဟီဆွန်းမှာ
နည်းနည်းတောင်မလှုပ်ရဲ။

နှုတ်ခမ်းလေးအသာဟပြီး ခွေးပေါက်လေးတွေလိုတအီအီ
အသက်ရှုသံလေးတွေနဲ့အိပ်ပျော်နေတဲ့
ဆောနူကိုငေးကြည့်ရင်း အချစ်ပိုရပြန်တယ်။

ဘယ်လိုလုပ် အိပ်နေတာကအစချစ်ဖို့ကောင်းနေရတာလဲ။

မျက်လုံးညိုညိုလေးတွေကပဲလှတယ်ထင်ထားတာ
မျက်လုံးမှိတ်ထားတော့လည်း
မျက်တောင်အရှည်ကြီးတွေကလှလှပပကော့ဆင်းနေပြန်ရော။

တစ်ကယ်ပဲ ဒီကလေးကမြတ်နိုးစရာတွေများပြားလိုက်တာ။

အသက်ရှူသံလေးကအစပဲ...။

ကိုယ်မဟုတ်တဲ့တစ်ခြားသူ
လက်ထဲထည့်ပေးလိုက်ရမှာတောင်ကြိုနှမြောမိတယ်။

ဖြစ်နိုင်ရင်ဆောနူကိုလူသေးသေးလေးဖြစ်အောင်
မှော်အတတ်တွေနဲ့ပြုလုပ်ထားပြီး
သူ့အိတ်ကပ်ထဲထည့်ထားချင်လိုက်တာ။

သူ့လိုလူတစ်ယောက်က
ဘယ်လိုများကောင်လေးတစ်ယောက်ကို
ဒီလောက်ထိချစ်သွားနိုင်ရသည်လဲ။

တစ်ကယ်ပဲစဥ်းစားကြည့်လေမယုံနိုင်လေ။
ဆောနူအပေါ်လိုချင်တပ်မက်စိတ်တွေဖြစ်ရလေပဲ။

ရင်ခွင်ထဲကပါးဖောင်းဖောင်းနဲ့ကောင်းလေးကတော့
သူ့အတွေးတွေကိုမသိနိုင်စွာ အေးအေးချမ်းချမ်း
အိပ်မောကျလို့။

အဲ့ဒါလေးကပဲကောင်းပါတယ်။
ဆောနူရဲ့အနာဂတ်ထဲသူ့ချစ်ခြင်းတွေစီးဝင်လို့မရနိုင်တာ
မရနိုင်တော့တာမျိုးက ကြိုပြီးသိထားလို့ကောင်းတာမှမဟုတ်ဘဲ။

အနာဂတ်ကိုမသိဘဲ အေးအေးချမ်းချမ်းလေးသူ့ရင်ခွင်ထဲမှာ
အိပ်စက်နေတာပဲကောင်းပါတယ်လေ...။







နာရီဝက်လောက်ဆောနူကိုသူ့ရင်ဘတ်ပေါ်အိပ်ထားစေရင်း
သူကိုယ်တိုင်လည်းမှေးနေတုန်း ဘေးက
စားပွဲပေါ်တင်ထားတဲ့ဖုန်းက
ထမြည်လာတာမို့ ဟီဆွန်းအလန့်တကြားနဲ့
ဆောနူမနိုးသွားခင်
လှမ်းယူလိုက်ပြီး ကိုင်လိုက်ရသည်။

𝘽𝙞𝙡𝙡𝙨 [𝙃𝙀𝙀𝙎𝙐𝙉]Where stories live. Discover now