After the end.

1.2K 133 23
                                    

ဖုန်းကိုလည်ပင်းကြားမှာညှပ်လို့ လက်နှစ်ဖက်လုံးအလုပ်ပေးနေရတဲ့ဆောနူနေရာမှာတစ်ခြားသူသာဆို အလွန်ပျာယာခတ်နေသည်လို့သာမြင်ကြလိမ့်မယ်။ ဒါပေမယ့် ဘာလုပ်လုပ်ဘာကိုင်ကိုင် အေးအေးဆေးဆေးရှိလှတဲ့ဆောနူကတော့ ဒီအတိုင်းပုံမှန်လေး..။ အလုပ်များနေပေမယ့် ပျာယာမခတ် ၊ စိတ်ရှုပ်စရာမကောင်းဘူးလို့သတ်မှတ်လိုက်ရအောင်ကို အေးအေးချမ်းချမ်းလေး။

တစ်ဖက်ကအလုပ်ရှင်စိတ်တိုင်းကျညှိနှိုင်းဆွေးနွေးပြီးသွားတာနဲ့ ဆောနူ ကွန်ပျူတာပေါ်ကလက်တွေကိုအနားပေးလိုက်တယ်။ တစ်ဆက်တည်းပါးနဲ့လည်ပင်းကြားညှပ်ထားတဲ့ဖုန်းကိုပါ ယူလိုက်ပြီးစားပွဲပေါ်တင်ကာ ကျောဆန့်ပြီးအညောင်းဖြေလိုက်သည်။

နောက်လထဲ မသွားချင်တဲ့နေရာကိုခရီးတစ်ခုအဖြစ်ပြန်သွားရဦးမှာပေါ့။

စားပွဲခုံပေါ်မှောက်ချလိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်လေးချလိုက်မိတဲ့သက်ပြင်းက ဘယ်လောက်လေးလံနေလဲဆိုတာသိနိုင်မယ့်သူမရှိ။

အလုပ်ကိစ္စကနေ မကြာခင် အရင်အတိတ်တွေကိုပြန်တွေးမိတော့မှာကိုကြိုရိပ်မိလာတာမို့ စိတ်အပြောင်းအလဲဖြစ်အောင် ကော်ဖီတစ်ခွက်ထဖျော်ပြီး ဇာတ်လမ်းတစ်ခုခုကြည့်ဖို့လုပ်လိုက်ရတယ်။

အပြောင်းအလဲတွေနဲ့သူ တစ်ကယ်နေသားမကျသေးပါဘူး။

နှစ်တွေကြာသွားတာတောင် လုံးလုံးပြောင်းလဲနိုင်သွားတယ်ဆိုတဲ့စိတ်ကမရှိသေးဘူး။

၅နှစ် ၅နှစ်တောင်အချိန်ကြာခဲ့ပေမယ့် သူပြောင်းလဲသွားတာမရှိဘူး။ နားလည်သဘောပေါက်လာတာတွေပဲရှိတာ။

ရင့်ကျက်လာတယ်သာပြောတာ လူတစ်ယောက်ကိုဘယ်လိုမေ့အောင်နေထိုင်ရမလဲဆိုတာကိုသူမသိသေးဘူး။

တစ်ကယ်ပဲ လူတစ်ယောက်ကိုမေ့ဖို့ အချိန်ဘယ်လောက်ယူရမှာလဲ။

မနက်ဆိုအခန်းရှေ့အလိုလိုရောက်လာတတ်တဲ့သတင်းစာလေးရှိတယ်။
မနက်စာစားချိန်တိုင်းအဖော်လုပ်ပြီးစကားပြောပေးမယ့် ပါမုန့်ဆိုင်ကအဘိုးနဲ့အဘွားရှိတယ်။ သူ့ဆီတစ်ပတ်ကိုနှစ်ခါ သုံးခါ ပုံမှန်လာတတ်တဲ့ဂျေးနဲ့သူ့သူငယ်ချင်းတွေလည်းရှိတယ်။

𝘽𝙞𝙡𝙡𝙨 [𝙃𝙀𝙀𝙎𝙐𝙉]Where stories live. Discover now