Differential Us 2
August 5/1997
ပေကျင်းမြို့ရဲ့ number 1 ဖြစ်တဲ့ ဆေးရုံးရဲ့ operation အခန်းရှေ့ လူတစ်ယောက် ငြိမ်သက်စွာ ထိုင်နေတယ်။ operation အခန်းရဲ့ ခွဲစိတ်ကုတင်ပေါ်မှာ မေ့ဆေးအရှိုန်ကြောင့် မေ့မျောနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ ဘေးပတ်ပတ်လည်မှာတော့ ဒီဆေးရုံရဲ့ အတော်ဆုံး ဆရာ၀န်တွေ တည်ညိမ်စွာ ခွဲစိတ်မူလုပ်နေတယ်။
အတော်ဆုံး ဆရာ၀န်တွေ ခွဲစိတ်မူလုပ်နေတာတောင် စိတ်မချနိုင်လို့ ခွဲစိတ်ခန်း အပေါ်ဘက်အခန်းက စောင့်ကြည့်ရေး အခန်းမှာ ဆေးရုံအုပ်ကြီးနဲ့ အတူတစ်ခြားးဆရာ၀န်တွေပါ ရောက်ရှိနေတယ်။ အချိန် ခဏလေးအတွင်း မေ့မျောနေတဲ့ မိန်းကလေး ဗိုက်ခွဲထားတဲ့ ဒဏ်ရာသေးသေးလေးကနေ ကလေးငယ်တစ်ဦးထွက်လာတယ်။ ကလေးငယ် အတွက် ကလေးဆရာ၀န်အဆင့်ရှ်ိနေပြီး စစ်နေမူအားလုံးလုပ်ပြီး စိတ်ချရတယ် ဆိုမှ ကလေးငယ်ကိုယ် nurse လက်ထဲထည့်ပေးပြီး ဆေးရုံရဲ့ အကောင်းဆုံး vvip room ထဲပြောင်းရွှေ့ခဲ့တယ်။ မိန်းကလေး ဗိုက်ပေါ်က ခွဲစိတ်ရာ သေးသေးလေးကိုယ် လွဲချော်မူမရှိအောင် သေချာချုပ်ပြီး ထိုမိန်းကလေးကိုယ် ကလေးရှိရာ အခန်းထဲ ပြောင်းရွှေ့ခဲ့တယ်။
ဆေးရုံးအုပ်ကိုယ်တိုင် ခွဲစိတ်ခန်းရှေ့ ထိုင်နေတဲ့ သူ့ရှိအရောက်လာပြီးး"၀မ်သူဉေး "
"ဆေးရုံအုပ် အထဲမှာ အဆင်မပြေလို့လား ကိုယ်တိုင်ရောက်လာတာ"
"မဟုတ်ပါဘူး အထဲမှာ အားလုံးအဆင်ပြေတယ် ဒီအဖိုးကြီးကိုယ်တိုင် ကြီးကြပ်ခဲ့တာ မို့ ၀မ်သူဉေးစိတ်မပူပါနဲ့ ။ ၀မ်ကတော် နဲ့ ရင်သွေးလေး အားလုံးအဆင်ပြေတယ် အခု အခန်းထဲ ပြောင်းရွှေ့ပြီးတာမို့ ၀မ်သူဉေး၀င်ကြည့်လို့ရပါပြီး ၊ သတင်းကောင်းကိုယ် ဒီအဖိုးကြီးကိုယ်တိုင် ပြောပြချင်လို့ "
"ကျေးဇူးတင်ပါတယ် ကျွန်တော့်မိန်းမနဲ့ ရင်သွေးလေးကိုယ် အန္တာရယ် မဖြစ်စေဘဲ အကောင်းဆုံးလုပ်ပေးလို့ "
"မဟုတ်တာ ၀မ်သူဉေးရယ် အချင်းချင်းး ပြောစရာလူတွေမှမဟုတ်တာ "
"ဆေးရုံးအတွက် လိုအပ်ချက်ရှိရင် ကျွန်တော့ အတွင်းရေးမူကိုယ် ဆက်သွယ်လိုက်ပါ ၊ ကျွန်တော်ဘက်က ကျေးဇူးတင်တဲ့အနေနဲ့ လိုအပ်တာရှိရင်ပြောလိုက်ပါ "
"ဆေးရုံးအတွက် ၀မ်သူဉေး ထောက်ပံထားတာ အကောင်းဆုံးဖြစ်နေပါပြီး လိုအပ်တာ မရှိပါဘူးး။ ကဲပါ ဒီအဖိုးကြီး စကားကြောရှည်နေမိပြီး ၀မ်သူဉေး ၀မ်ကတော်နဲ့ရင်သွေးလေးကိုယ်သွားကြည့်လိုက်ပါအုံးး "
"ဒါဆို ကျွန်တော့်ကိုယ် ခွင့်ပြုပါအုံးး "