Part 6

1.2K 63 1
                                    

Differential Us 6

"ဦးလေး ဒီထက်ပိုပြီးမြန်မြန်မောင်းပေးလို့ရမလား လေယာဉ်ချိန်အရမ်းကပ်နေပြီးမလို့ပါ "
"လူလေး အခုတောင် ပုံမှန်ထက် မြန်နေတာ ဒီထက်ပိုမြန်ရင် အန္တာရယ်များတယ်ကွ"
"ကျွန်တော်ဘ၀အတွက်အရမ်း အရေးကြီးလို့ပါ ဒီတစ်ခါ လက်လွတ်လိုက်ရရင် ကျွန်တော် ဘ၀ပိုပြိးစုတ်ပြတ်သက်သွားမှာ"
" ဦးလေးဒီထက်ပိုမြန်ပေး‌မယ် ဟုတ်ပြီးလားး"
"ကျေးဇူးပါ ဦးလေး တစ်ကယ်ကျေးဇူးတင်ပါတယ်"

ကားဆရာဦးလေးကြီးက ပုံမှန်ထက်မြန်တဲ့ အရှိုန်နဲ့ မောင်းပေးနေပင်မဲ့လဲ ရှောင်းကျန့်စိတ်ထဲ ကားက လိပ်လို့ရွှေ့နေသလိုဘဲ ။
"လူလေး ကားလမ်းတော်တော်ကျပ်နေတယ် လူလေးအချိန်မှီသေးရဲ့လားး"
"ဗျာ ဟိုလေ ဦးလေး၀င်ပေါက် ၄မှာစောင့်နေပေးပါလားး ကျွန်တော် လာတဲ့အထိ "
" လူလေးက ဘယ်သွားမို့ ဟာာ လူလေးး အခုလိုပြေးဆင်းသွားလို့မရဘူးလေ ဟာ ပိုက်ဆံလဲမပေးသွားဘူးး "

ပြေးနေပင်မဲ့လည်း ခြေတံရှည်တွေက ဒီနေ့မှ ပုံမှန်ထက်နှေးနေတယ်လို့ခံစားရတယ်။ လေဆိပ်ထဲရောက်တော့လည်း US flight လို့သာသိထားတာ ဘယ်ကောင်တာမှန်းမသိတာမို့ ပြေးလွှာပြီး ရှာရတာဘဲ။ ဒါပေမဲ့ ဘယ်မှာမှမတွေ့ခဲ့ဘူးး  ။ မျက်စီကစားကြည့်ရင် ထွက်ခွာမူပြထားတဲ့ screen ပေါ်မှာပြနေတဲ့ စာတန်းတွေက ရှောင်းကျန့်ကိုယ် လှောင်ပြောင်နေသလို့ဘဲ ၊ လွန်ခဲ့တဲ့ ၅ မိနစ်ကမှ US flight ကနောက်ဆုံးထွက်ခွာသွားတာ ။ ရှောင်းကျန့်ပတ်၀န်းကျင်ကိုယ်လဲ ဂရုမစိုက်နိုင်တော့ဘူး ထိုနေရာမှာဘဲ ထိုင်ချလိုက်မိတယ်။ သွားပြီးး အရာအားလုံးသွားပြီး သူနောက်ဆုံးအချိန်ထိတောင် မဆွဲထားနိုင်ခဲ့ဘူးး ထွက်မသွားပါနဲ့လို့ ပြောခွင့်တောင် မရခဲ့ဘူးး။ သူပြောလိုက်တဲ့ စကားလုံးတွေကြောင့်ရိပေါ်ခံစားသွားရသလို ကံကြမ္မာက သူကိုယ် ဒဏ်ပြန်ခတ်တာထင်ပါရဲ့။

"ဘဲကြီး "
ဒီအသံ ပထမဆုံးအကြိမ်ကကြားခဲ့ရသလို ဩရှရှအသံလေး။ ဒီနမ်စားလေးကလည်းး သူတစ်ယောက်ထဲခေါ်ခဲ့တာ ရှောင်းကျန့် အတွေးတွေ များနေပြီးထင်တယ် အသံတွေတောင် နားထဲ ပြန်ကြားနေရတယ်။
"ဘဲကြီးး ဒီမှာဘာထိုင်လုပ်နေတာလဲ လူတွေကြည့်နေကျတယ် ထအုန်း"
"ရိပေါ် လားး"
"အင်းး ကျွန်တော်လေ အင့့့့်"
ရှောင်းကျန့်အရှေ့မှာမြင်နေရတာ ပုံရိပ်လေးဖြစ်နေရင်တောင် သူဆွဲထားဖက်ထားမိမှာ ဘာဖြစ်ဖြစ် အနားကနေထွက်သွားလို့မရတော့အောင် ဆွဲထားတော့မှာ။
"ထွက်မသွားပါနဲ့ ရိပေါ် ငါ့အနားကနေ ဘယ်ကိုမှမသွားပါနဲ့ ငါတောင်းပန်ပါတယ်နော် ငါအရင်ကပြောခဲ့တာတွေက စိတ်ထဲမရှိပါဘူးး ငါအနားမှာနေရင်မင်းထိခိုက်မှာဆိုးတာကြောင့် အခုလိုတွေပြောလိုက်တာပါ ထွက်မသွားပါနဲ့နော် တောင်းပန်ပါတယ် ငါ့အနားမှာဘဲနေပေးပါနော် "
"အင်းအင်းး မသွားတော့ဘူးနော် အရင်ဆုံး ဒီကနေသွားရအောင်နော် လူတွေကြည့်နေကျပြီး "
" ဟင်အင်းး မသွားဘူး မင်းငါကို ထက်ထားသွားအုန်းမှာ မလားး ဟင်အင်းး မသွားဘူးနော် ထက်ပြီး ထားမသွားပါနဲ့  "
"ကျွန်တော် ဘဲကြီးကိုယ် ထားမသွားပါဘူးး ကျွန်တော်ကိုယ် မယုံဘူးလားး  အဲ့ဆို ကျွန်တော့်လက်ကိုယ် ကိုင်ထားလေနော် ကျွန်တော် ဘဲကြီးကိုထားမသွားဘူးး ဟုတ်ပြီးလား"
"ဟို ဟိုလေ ရိပေါ် ၀င်ပေါက် ၄ မှာ taxi ကားသမားဦးလေးကြီးကို ငါကားခမပေးခဲ့ဘူးး။ ငါလေယာဉ်လွတ်သွားမှာဆိုးလို့ ဒီတိုင်းပြေးလာမိတာ ငါမှာပိုက်ဆံလဲမပါဘူးး "
"ဟက် ခများကတော့လေ ဘာလေးမှန်းမသိဘူးး သွားပေးရအောင်နော် "

Differential Us (Complete)Where stories live. Discover now