Differential Us 7
ခုံပေါ်မှာတစ်စစီပြန့်ကြဲနေတဲ့ ဓာတ်ပုံများစွာ ဟိုတစ်စဒီတစ်စရှိနေတယ်။ အနက်ရောင် တူညီ၀တ်စုံ၀တ်ထားတဲ့ လူနှစ်ယောက်က မတ်တပ်ရပ်နေပြီး စားပွဲခုံပေါ်မှာ လူတစ်ယောက်က ခန့်ညားစွာထိုင်နေတယ် သေချာကြည့်မယ်ဆိုရင် ထိုလူအကြည့်တွေက စားပွဲခုံပေါ်က ဓာတ်ပုံတွေပေါ်မှာဆိုတာသိသာလွန်းပါတယ်။
"သခင်လေးက -----"
အနက်ရောင်၀တ်စုံနဲ့လူကစကားစလိုက်ပင်မဲ့ သူ့စကားမှားသွားကြောင်းကိုယ် စားပွဲခုံပေါ်ကလူရဲ့ လူသတ်ငွေ့ထွက်နေတဲ့အကြည့်က သက်သေပြတယ်။
"ကျွန်တော်မှားသွားပါတယ် "
"ဆက်ပြော "
"သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းမွန်ပါတယ် ဒါပေမဲ့သာမာန်ထက်တော့ပိုနေတယ် "
"သာမာန်ထက်ဆိုတာ "
"ဟို ချစ်သူလိုမျိုးပါ "
"-----------"
"ကျွန်တော်ဘာဆက်လုပ်ကမလဲ "
"ဆက်စောင့်ကြည့်ထားး"
-----------------"ဘဲကြီးး အဲ့ကားက ကျွန်တော်တို့ရှိတဲ့နေရာတိုင်းတွေ့နေသလိုဘဲ"
"မင်းစိတ်ထင်လို့နေမှာပါ ငါတို့အနောက်ကို ဘယ်သူကတစ်ကူးတစ်ကလိုက်နေမှာမို့လို့လဲ "
"အင်းပါ ထားပါ"
ရိပေါ် အဲ့ကားအနက်ကိုသတိထားမိနေတာကြာပြီးး ဘဲကြီးနဲ့ အပြင်မှာတွေ့တဲ့အချိန်၊ ကျောင်း၀န်းထဲ ရိပေါ်တို့ ဘယ်နေရာရောက်ရောက် ရှိနေတက်တယ်။ ဘဲကြီးက သတိမထားမိပင်မဲ့ အမြင်စူးရှတဲ့ ရိပေါ်ကတော့ သတိထားမိနေတာကြာပြီး။ ရိပေါ်အနောက်ကို လိုက်နေတဲ့သူဆို အရင်ဆုံးပါးသိပြီး ရိပေါ်ကိုပြောပြပြီးနေလောက်ပြီး။ အခုကပါးဘက်က ဘာမှမပြောဘူးဆိုတော့ ရိပေါ်နောက်လိုက်နေတဲ့ပုံအပေါ်ဘူး။ ဒါဆို ဘဲကြီးနောက်လိုက်တာများလားး ဘဲကြီးနောက်ကြောင်း ရိပေါ်အကုန်သိထားတာမို့ ဘဲကြီးကို အန္တာရယ်ဖြစ်စေမဲ့သူမရှိတာ ရိပေါ်သိတယ်။ ဒါဆို ဘယ်သူများလဲ ဘာဘဲဖြစ်ဖြစ် ရိပေါ် သေချာစုံးစမ်းထားရမယ်။
ဒါမှ တစ်ခုခုဆို ချစ်ရသူကိုယ် ကြိုတင်ကာကွယ်လို့ရမှာ။"ဟယ်လို ဟောက်ရွှမ်း "
"ရိပေါ် ဖုန်းစမဆက်စဖူး ဆက်လို့ပါလား"
"ဟောက်ရွှမ်း မင်းကိုအကူညီတောင်းစရာရှိလို့ မင်းပါးပါးက အတွင်းပိုင်းမှာ အဆက်သွယ်များတယ်လေ"
"ဘာကစ္စလဲရိပေါ် အတွင်းပိုင်းဘက်ထိတောင်ဆိုတော့ မင်းအနောက်လိုက်နေတဲ့သူရှိလို့လားး "
"မသေချာသေးဘူး "
"၀မ်ပါး ဘက်ကဘာမှမပြောဘူးလား အရင်ဆိုမင်းသိနေလောက်ပြိးကိုယ်"
"အဲ့ကြောင့် မင်းရှိအကူညီတောင်းတာ "
"အန္တာရယ်များမယ်ထင်ရင် မင်း၀မ်ပါးကို ဖွင့်ပြောသင့်တယ်"
"လူကြီးတွေကိုစိတ်မပူစေချင်လို့ မင်းကဈေးစစ်နေတာလား"
"ရိပေါ် ငါကမင်းအတွက်ပြောနေတာ "
"သိတယ် လိုအပ်တာ အကုန်ပို့ပေးလိုက်မယ် နှစ်ရက်အတွင်းသိချင်တယ်"
"နှစ်ရက် ရိပေါ် မင်းငါကို ပင့်ကူလူသားအတွက် iron man ပေးခဲ့တဲ့ မျက်မှန်ရှိနေတယ်ထင်လို့လားး နှစ်ရက်နဲ့ ဘယ်လို့သိရမှာလဲ"
"၂၄ နာရီ "
"အာာာ နှစ်ရက် နှစ်ရက် ဟုတ်ပြီးလားး"
"အင်းး လိုအပ်တာတွေ ငါမင်း mail ကိုပို့ထားတယ်"
----------------
"ရိပေါ် မင်းပို့ပေးတဲ့ ကားနံပါတ်က နယ်ဘက်အထွက်ခရီးနောက်ဆုံးပြပြီးကတည်းက မင်းတို့နောက်လိုက်နေတာ အင်းး မင်းတို့ဆိုတာထက် အကိုရှောင်းအနောက်လို့ ပြောလို့ရတယ်ကွ၊ ဘာလို့ဆို မင်းနဲ့အကိုရှောင်းမတွေ့ခင်ကတည်းက အဲ့ကားကအကိုရှောင်းနား ရှိနေတာ "
"ကားပိုင်ရှင်ကကော "
"ပိုင်ရှင်က နာမည်ဖျောက်ထားတယ် ငါ့ပါးပါးအဆက်သွယ်နဲ့တောင် ရှာမရတာ ကြည့်ရတာအကောင်ကြီးကြီးထဲကထင်တယ်"
" CCTV ကကားလမ်းကြောင်းမှာ ဘာမှမထူးဘူးလား"
"ရက်ကြာရင် ပုံမှန်၀င်သွားတက်တဲ့ လမ်းတော့ရှိတယ် ဒါပေမဲ့ လုံခြုံရေးမြင့်လို့ ငါ့တို့ဘက်က ၀င်မရဘူးး အထဲ၀င်ပြီးမှ အပြင်ဘက်က hacked လို့ရမှာ "
"အထဲ၀င်မဲ့ ကစ္စကိုယ်ငါတာ၀န်ထားလိုက် နယ်ဘက်က ဘယ်နေရာလဲ "
"ချုံချင့် ဘက်ကမိဘမဲ့ဂေဟာတစ်ခုဘဲ ငါလူလွတ်ထားတယ် မနက်ဖြန်လောက်ဆို သိရပြီး "
"ဒီကစ္စ ဘဲကြီးရှေ့မပြောမိစေနဲ့ "
"အကိုရှောင်းနဲ့ပတ်သက်နေတာလား ရိပေါ် "
"ချုံချင့်က ဘဲကြီးမွေးရပ်နေရာ ပြီးတော့ဘဲကြီးငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာမှာကြီးပျင်းလာတာ"
"ငါဘက်ကလူကိုယ် အမြန်လှုပ်ရှားခိုင်းလိုက်မယ် မင်းအကိုရှောင်း အနားနေပေးလိုက်"
"ဟောက်ရွှမ်း ပိုင်ရှင်ကနာမည်ဖျောက်ထားတဲ့အပြင် လုံခြုံရေးမြင့်တော့ မင်းလည်းဂရုစိုက် တစ်ခုခု နွယ်လာရင် အစဖျောက်လိုက် ထက်မရစ်စေနဲ့ ပြီးတော့ ကျေးဇူးတင်တယ်"
"အချင်းချင်းတွေဘဲကွာ မလိုပါဘူးး ပေါ်ပေါ်ရယ်"
"၀မ်ဟောက်ရွှမ်းးးးးး"
-----------------
"ရိပေါ် သွားစရာရှိတယ်ဆိုပြီး ဘယ်ခေါ်လာတာလဲ ဒီနေရာက လုံခြုံရေးမြင့်အိမ်ယာတွေမလား"
"ဘဲကြီး ကျွန်တော့်ကိုယ် ယုံတယ်မလား"
"ငါမင်းကိုယ် ယုံလို့လိုက်လာတာလေ မှန်မှန်ပြော ဘာတွေဖြစ်နေတာလဲ"
"အစက ရုပ်ရှင်သွားကြည့်မလို့ဘဲကြီးနဲ့ ဒါပေမဲ့ ပါးပါးက ကျောင်းပြီးလို့ လက်ထပ်ပြီးအတူတူနေဖို့ အိမ်သွားကြည့်ဆိုလို့ ဒီရောက်လာတာ ဒီ၀န်းရဲ့ရုံးချုပ်ကိုယ်သွားပြီး ဆွေးနွေးဖို့ချိန်းထားတယ် "
"မင်းကငါကိုယ် ဘာမှလည်းအသိမပေးဘူး"
"ကျွန်တော်လဲ စောဏမှသိရတာ ဒီတိုင်းဆွေးနွေးရုံပါ ဘဲကြီးသဘောကျမှ ရွေးမှာ"
" ဟုတ်ပါပြီး လူလည်လေး "