Part 11 (Final)

1.8K 55 1
                                    

Differential Us 11 Final

"အခုထိမရောက်သေးဘူးလား ချင်းချန် "
"‌ခဏနေ ရောက်တော့မှာပါ အကိုရှောင်းကလည်း မသိရင် ကျွန်တော်က အကို့ကိုပြန်ပေးဆွဲမှာကျနေတာဘဲ"
"အဲ့လိုမဟုတ်ပါဘူးကွာ ရိပေါ် ကျောင်းဆင်းချိန် အကို့ကိုမတွေ့ရင်စိတ်ပူနေမှာဆိုးလို့ပါ "
"အဲ့ကစ္စအတွက် စိတ်မပူနေနဲ့ အကိုရှောင်း ရိပေါ်ကသဘောကောင်းပါတယ် ကျွန်တော်ခေါ်လာတာသိရင် စိတ်မဆိုး‌လောက်ဘူး"
"ဟုတ်ပါပြီး ဒါနဲ့ ချင်းချန် blind date လုပ်တာ အကို့ကိုဘာလို့ခေါ်လာတာလဲ အမှန်ဆို တစ်ဖက်ကလူနဲ့ အေးဆေးတွေ့ရမှာလေ"
"အမ် အာ့ အဲ့့့ ဒီလို အကိုရှောင်းရဲ့ ကျွန်တော်က အကိုရှောင်းနဲ့ရိပေါ်ကို အားကျလို့သာ ချစ်သူရှာချင်တာ ဘယ်လိုရွေးချယ်ရမှန်းသေချာသိတာမဟုတ်ဘူး၊ ဟိုကောင်တွေကို ပြောပြရင်လဲ ကျွန်တော်ကိုလှောင်နေမှာ အဲ့ကြောင့် အကိုရှောင်းကိုအကူညီတောင်းတာ "
"အကိုလည်း မရွေးတက်ပါဘူးကွာ ပြီးတော့ အကိုကြောင့် ရွေးချယ်မူမှားသွားရင် မင်းကိုထိခိုက်နေမယ်"
"အကိုရှောင်းအများကြီး လုပ်ပေးစရာမလိုပါဘူးဗျာ ကျွန်တော်နဲ့တွေ့မဲ့သူရဲ့ ကျွန်တော်အပေါ်ကြည့်တဲ့အကြည့်တွေက အကိုရှောင်း နဲ့ ရိပေါါ တစ်ယောက်ကိုတစ်ယောက်ကြည့်နေတဲ့ အကြည့်မျိုးလာဆိုတာ ကြည့်ပေးရုံဘဲ ၊ ကျန်တာ ကျွန်တော်ဘာသာ ရွေးချယ်မှာပါ "
"ဒါပေမဲ့့့"

"အားး ဆိုင်တောင် ရောက်လာပြီးဘဲ ၊ဆိုင်ရှေ့မှာ ကားပါကင်နေရာမရှိဘူး အကိုရှောင်း ကျွန်တော် ဟိုဘက်ခြမ်းသွားလိုက်မယ် အကိုရှောင်း ၀င်နှင့်လိုက် "
" ဒါပေမဲ့့ "
" အဆင်ပြေတဲ့ နေရာ ထိုင်လို့ရတယ် အကိုရှောင်းနာမည်ပြောပြီး ၀င်လိုက်ရုံဘဲ ဆင်းတော့ ဆင်းတော့ နောက်ကားတွေ ဟွန်းတီးကုန်ပြီး "
"အမ် အင်းအင်းး"
ရိပေါ် သူငယ်ချင်းတွေက ရိပေါ်လိုဘဲဖြစ်လိုက်ရင် အရာရာနဲ့‌အကြောင်းကြောင်း အခုဘဲကြည့် အကိုရှောင်းကူညီမှ ဖြစ်မယ်ဆိုပြီး ဆိုင်ကနေအတင်းခေါ်လာတဲ့ ကစ္စက blind date လုပ်ဖို့တဲ့။

blind date လုပ်မဲ့သူက သူ့နာမည်နဲ့ သူ စရင်းမပေးဘဲ ကြည့်ရတာ ရှောင်းကျန့်နာမည်နဲ့ စရင်းပေးခဲ့တယ်ထင်တယ်။ ဆိုင်ထဲ၀င်၀င်ချင်း ၀န်ထမ်းကောင်လေးက ဒီနေ့ တစ်ဆိုင်လုံးပြည့်နေလို့ booking ကြိုတင်မှ ၀င်လို့ရမယ်ဆိုလို့ ချင်းချန်ပြောတဲ့အတိုင်း  ရှောင်းကျန့် နာမည်ပြောလိုက်မှ အံဩသွားဟန်ပြပြီး တံခါးဖွင့်ပေးတယ်။
ဆိုင်အပြင်ဆင်လေးက စိတ်ကိုအေးချမ်းစေတယ် ၊ မိုးပြာရောင် ခပ်ဖျော့ဖျော့ကိုဆေးခြယ်ထားပြီး နံရံ‌အပေါ်မှာ ပန်းချီကားတစ်ချို့သာချိတ်ဆွဲထားတယ် ၊ ဝါကျင့်ကျင့် မီးရောင်နဲ့ ရိုးရှင်းတဲ့ မီးအိမ်အပြင်အဆင်လေးကြောင့် ဆိုင်လေးကရှောင်းကျန့်အတွက်တော့ နှစ်လိုဖွယ်ကောင်းတယ်။ ဆိုင်အပြင်အဆင်ငေးနေမိပြီး အခုမှ သတိထားကြည့်မိတယ် ဆိုင်အတွင်း ရှောင်းကျန့် အပြင် တစ်ခြားဘယ်သူမှ မရှိဘူး၊ ဆိုင်အတွင်း စားပွဲဝိုင်း တစ်ခုအပေါ် ဝိုင်ပုလင်းနဲ့ နှင်းဆီပန်းစည်းကြီးတစ်ခုရှိတယ်။
'အာားး ချင်းချန်နဲ့ တွေ့မဲ့သူက ပထမဆုံး blind date မှာတောင် ဒီလောက်ပြင်ဆင်ထားတာ ချင်းချန်အတွက် အနည်းငယ်တော့ စိတ်အေးရပါတယ် ၊ ဒါပေမဲ့  ချင်းချန် ကအခုထိ မရောက်လာသေးဘူးလား အပြင်ထွက်ခေါ်မှာပါ '
လှည့်ထွက်မဲ့အချိန် ထွက်ပေါ်လာတဲ့ နာမ်စားလေးကြောင့် ရှောင်းကျန့် ဘယ်ဘက်ခြမ်းဟာပိုင်ရှင်သိသူအလား ခုန်ပေါက်လို့နေတယ် ။

Differential Us (Complete)Where stories live. Discover now