1

457 9 5
                                    

တီ_တီ_တီ_တီ

        ကုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့ နာရီ Alarm မြည်လာတာနဲ့ Wooyoung အိပ်ရာထဲကနေအသာအယာထကာ အိပ်ချင်မူးတူးနဲ့ ရေးချိုးခန်း၀င်ပြီးကိုယ်လက်သန့်စင်တယ်။ ရေချိုးခန်းထဲကထွက်လာတော့ အတော်အသင့်လန်းဆန်းနေပြီဖြစ်တဲ့ Wooyoung။ ဘီဒိုဆီသွားပြီး အင်္ကျီရွေးထုတ်ကာဝတ်ဖို့ ကိုယ်လုံးပေါ်မှန်ရှေ့သွားရပ်တော့ မှန်ထဲကကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး Wooyoung ခပ်ရေးရေးလေးပြုံးတယ်။

ဒီရက်ပိုင်းတွေမှာ Wooyoung ကလိုတာထက်ပိုပင်ပန်းနေရတယ်။ တက္ကသိုလ်တွေကလည်းပြန်ဖွင့်နေပြီဖြစ်ကာ Wooyoung အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်ကလည်း အရင်ရက်တွေကထက်ပိုပြီးလူအသွားအလာများတယ်။ Wooyoung မှန်အနားကိုမျက်နှာလေးတိုးသွားကာ မျက်လုံးအောက်ကတဖြည်းဖြည်းပေါ်လာပြီဖြစ်တဲ့ အညိုရောင်တွေကိုလက်နဲ့ထိကာ သက်ပြင်းချလိုက်တယ်။ ပြီးမှ အင်္ကျီဝတ်စရာရှိတာဝတ်ကာ ကျောင်းကိုမြန်မြန်ရောက်ဖို့ bus stop ကိုသုတ်ခြေတင်ပြေးရတော့တယ်။

________________________________________

        Wooyoung ကျောင်းထဲကို၀င်လိုက်တာနဲ့ မေဂျာအစုံကလူတစ်ချို့က သူတို့မေဂျာအဆောက်အအုံရှိရာကိုပြေးလွှားနေကြပြီ။ ထုံးစံအတိုင်း Wooyoung နောက်ကျပြန်ပြီ။ ကျောပိုးအိတ်ကြိုးကိုမြဲမြဲဆုပ်ကိုင်ကာ ကျောင်းအနောက်ဘက်နည်းနည်းရောက်နေတဲ့ သူ့အဆောက်အအုံရှိရာကို Wooyoung သုတ်ခြေတင်ထပ်ပြေးရပြန်တယ်။

လူတွေတော်တော်များများအတန်းထဲရောက်ကုန်ကြပြီမို့ လူတွေပါးနေလည်းပဲ Wooyoung ကတော့ လူတစ်ယောက်ကို၀င်တိုက်ဖြစ်အောင်တိုက်လိုက်မိသေးတယ်။ ထိုလူ့လက်ထဲကိုင်လာတဲ့ ကော်ဖီပူပူတွေက Wooyoung လက်ပေါ်ရော တစ်ဖက်လူကိုယ်ပေါ်ပါ မှောက်ကျကုန်တော့ သူပူတာကိုအသာထားပြီး သူ့လက်လေးကို အနောက်ပို့ပြီးတခြားလက်တစ်ဖက်နဲ့ကိုင်ထားကာ တစ်ဖက်လူကို ပြာပြာသလဲတောင်းပန်တော့တဲ့ Wooyoung။

"တောင်းပန်ပါတယ် ကျွန်တော်အလျင်လိုနေလို့မမြင်လိုက်လို့ပါ"

"ရပါတယ် အဲ့ဒီဘက်ကပိုပူသွားမယ်ထင်တယ် လက်တွေရဲတက်လာပြီ ကျွန်တော်လည်း လမ်းသာလျှောက်နေတာ အာရုံကတခြားကိုရောက်နေလို့ အဲ့ဒီဘက်က...."

It's not your fault I can't be what you needWhere stories live. Discover now