5

52 8 0
                                    

        Hongjoong ပြန်သွားထဲက ဆိုဖာပေါ်မှာထိုင်နေတာ အခုဆိုညအချိန်တောင်ရောက်လာပြီ။ ထိုင်တာကြာလာတော့ ကျောတွေပူလာတဲ့ Wooyoung ကဆိုဖာကနေဖြေးဖြေးထကာ မီးဖိုခန်းထဲစားစရာတစ်ခုခုလုပ်ဖို့ပြင်ဆင်တယ်။ အိမ်ရှေ့ကကြားလိုက်ရတဲ့ ဘဲလ်တီးသံကြောင့် Wooyoung ကိုယ်လေးတုန်တက်သွားကာ လက်ထဲကပစ္စည်းတွေကို စားပွဲပေါ်တင်ခဲ့ပြီး တံခါးဆီကိုသွားတယ်။ တံခါးဖွင့်လိုက်တော့ သူငယ်ချင်းဖြစ်သူ Jiwon။

"နင်ကျောင်းမလာလို့လေ"

        ပြောပြီးတာနဲ့ Wooyoung ပြန်ပြောတဲ့စကားကိုတောင်မစောင့်ဘဲ ဆိုဖာတွေဆီကိုသွားတဲ့ Jiwon။ တီဗီဖွင့်ကာကြည့်နေတဲ့ သူငယ်ချင်းဖြစ်သူနဲ့မလှမ်းမကမ်းမှာ၀င်ထိုင်လိုက်ပြီး သူလည်းတီဗီကိုသာငေးနေလိုက်တယ်။ ဟင်းချက်ဖို့ကို မေ့လို့နေပြီဖြစ်တဲ့ Wooyoung။ သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းဆက်ဆံရေးက ထူးဆန်းတယ်။ ဘာစကားမှမပြောဘဲလည်း နွေးထွေးနေတာမျိုး။ အခုလိုအချိန်မှာ Wooyoung ဘာစကားမှလည်းမပြောချင်။

"ဖုန်းဆက်ထားတာတွေ့တယ် နေကောင်းရဲ့လား"

        TV ကနေမျက်နှာလွှဲကာသူ့ကိုကြည့်လာတဲ့သူငယ်ချင်းဖြစ်သူကြောင့် TV ကိုမျက်နှာမူလျက်ပဲ Wooyoung ကခေါင်းငြိမ့်ပြတယ်။ Jiwon လည်း TV ကိုမျက်နှာပြန်မူလိုက်ပြီး ခြေထောက်တွေကို အရှေ့ကစားပွဲပေါ်ဆန့်ထုတ်လိုက်တယ်။

"San တောင်လာသွားသေးတယ်"

"Choi San?"

"အင်း"

"ဘာလာလုပ်တာလဲ"

"ငါ့ခြေထောက်နာနေတယ်ဆိုလို့"

"ခြေထောက်နာတယ်?"

"ဒီမနက်ကမှ ခြေဆစ်လွဲသွားတာ"

"အခုရော"

"အနာသက်သာနေပါပြီ"

        TV ကနေမျက်နှာမလွှဲပဲစကားပြောနေကြတဲ့သူငယ်ချင်းနှစ်ယောက်က အရူးတွေလို။ ပြီးမှသူတို့ရဲ့ပုံစံကိုသတိရကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထရယ်ကြတယ်။ သာမန်ဆိုတိတ်ဆိတ်နေတတ်တဲ့ တိုက်ခန်းက ဒီနေ့မှရယ်သံတွေနဲ့ဖုံးလွှမ်းလို့။

It's not your fault I can't be what you needWhere stories live. Discover now