2

84 10 0
                                    

        တစ်နေ့တာအတွက်အတန်းတွေပြီးသွားတော့ Wooyoung အိမ်မြန်မြန်ပြန်ရတယ်။ အိမ်ရောက်တာနဲ့မနားမနေ ရေမိုးချိုးအ၀တ်အစားလဲကာ အလုပ်ကိုသွားရပြန်တယ်။ အလုပ်ကိုသွားနေတဲ့လမ်းမှာပဲ ရုတ်တရက်ဆိုသလိုမိုးတွေရွာချလာတော့ ထီးမပါတဲ့ Wooyoung က ဘယ်ပြေးလို့ပြေးရမှန်းမသိဖြစ်လို့နေတယ်။ သူ့အရှေ့ခပ်လှမ်းလှမ်းကိုပြေးလိုက်တော့ ကော်ဖီဆိုင်လေးတွေ့တာနဲ့ အထဲ၀င်ကာမိုး၀င်ခိုလိုက်တယ်။

ကောင်တာကိုသွားကာ hot choco လေးတစ်ခွက်မှာပြီး မှန်နားကစားပွဲမှာ၀င်ထိုင်လိုက်တယ်။ အပြင်ကိုငေးနေတဲ့ Wooyoung ကအတွေးကမ္ဘာထဲမှာ နစ်မြုပ်လို့နေပြန်တယ်။ Wooyoung ကမိုးရေတွေကိုသိပ်မြတ်နိုးတဲ့သူ အခုနေသာအလုပ်သွားတာမဟုတ်ဘဲ ကျောင်းကပြန်လာတဲ့အချိန်ဖြစ်နေရင် သေချာပေါက်မိုးရေချိုးပြီးပြန်မယ့် သူ။ မှန်ကိုလာရိုက်ခတ်တဲ့ မိုးရေတွေကို အထဲဘက်ကနေလက်လေးနဲ့ထိကြည့်ပြီး သူ့တစ်ယောက်ထဲပြုံးလို့နေတယ်။

"မှာထားတဲ့ Hot Chocalateရပါပြီ"

        ကော်ဖီလာချပေးတဲ့သူကို ခေါင်းလေးအသာညိတ်ပြီး ပြုံးပြကာ မိုးရေစက်တွေကိုတစ်ဖန်ပြန်လှည့်ကြည့်တဲ့ Wooyoung။ အလုပ်သွားရမှာကိုမေ့နေပြီဖြစ်တဲ့ Wooyoung ကမိုးရေစက်တွေကိုပဲ အာရုံရောက်နေတာကြောင့် သူ့ရှေ့မှာလူတစ်ယောက်၀င်ထိုင်လိုက်တာတောင် မသိလိုက်ဘူး။ "မှာထားတဲ့ Latte ရပါပြီ" ဆိုတဲ့ အသံကြားလို့ ထပ်ပြီးလှည့်ကြည့်လာတဲ့ Wooyoung။ အဲ့ဒီအခါမှ သူ့ရှေ့မှာရှိနေတဲ့လူကို သတိထားမိသွားပြီး ထိုလူကိုသေချာကြည့်လိုက်တယ်။

ဆံပင်အလယ်ခွဲကို wavy style နဲ့လူက မျက်နှာအချိုးအစားကျတော့ မိန်းကလေးဆန်နေပြန်တယ်။ သို့သော် ရင်အုပ်ကြီးကြီး ပုခုံးကျယ်ကျယ် လက်မောင်းကြွက်သားတွေနဲ့ လက်ကသွေးကြောတွေကြောင့် မိန်းကလေးမဟုတ်မှန်းတော့ သိသာနေတယ်။ နူးညံ့တဲ့ မျက်လုံးတွေရှိတဲ့ ထိုလူက Wooyoung ကိုပြုံးပြလာတော့ Wooyoung လည်း​ပြန်ပြုံးပြလိုက်တယ်။ ဘယ်သူမှန်းမသိပေမယ့်လည်း ဒီ၀ိုင်းမှာဘာလို့လာထိုင်တာလဲဆိုတာ Wooyoung ကလည်းမမေးသလို တစ်ဖက်လူကလည်း ဖြေဆိုလာခြင်းမရှိခဲ့ဘူး။ ရုတ်တရက်ရွာလိုက်တဲ့မိုးကြောင့် ဆိုင်ထဲပြေး၀င်လာတဲ့လူတွေက အလကား၀င်တာမဟုတ်ဘဲ coffee ၀င်သောက်ကြတော့ဆိုင်ကလူပြည့်လို့နေတာကြောင့်ဖြစ်တယ်ဆိုတာ Wooyoung သဘောပေါက်ပြီးသား။ နှစ်ယောက်လုံးက ဆိုင်အပြင်က မိုးရေထဲပြေးလွှာနေတဲ့သူတွေရယ် ထီးအရိပ်နဲ့ လွယ်လာတဲ့အိတ်လေးတွေရေမစိုအောင် ပိုက်ပြီး လမ်းလျှောက်နေတဲ့လူတွေကိုသာ မှန်ကနေတစ်ဆင့်တိတ်ဆိတ်စွာကြည့်နေကြတယ်။

It's not your fault I can't be what you needWhere stories live. Discover now