4

56 9 0
                                    

တစ်နေကုန် San နဲ့စကားပြောပြီး သူ့အကြောင်းတော်တော်များများကိုနားထောင်လိုက်ရတော့ သူ့မှာသူငယ်ချင်းနှစ်ယောက်ရှိကြောင်းနဲ့ သူအပါအ၀င်မိသားစု၀င်လေးယောက်ရှိကြောင်းသိလိုက်ရတယ်။ Wooyoung ကတော့ သူ့အကြောင်းတွေမပြောဖြစ် တမင်ရည်ရွယ်ပြီးမပြောပြတာမဟုတ်ပေမယ့် ဒီအကြောင်းတွေကိုထပ်ပြီးမတွေးချင်တော့တာကြောင့်လည်းပါမယ်။ နားလည်မှုရှိတဲ့ San ကလည်း မေးခွန်းမထုတ်ခဲ့ဘူး။

San ပြန်သွားတော့ Wooyoung အိမ်ရှင်းစရာရှိတာရှင်းပြီး အလုပ်ကိုထပ်ဖုန်းဆက်ရတယ်။ အလုပ်ကမန်နေဂျာက နဂိုထဲက Wooyoung ကိုကြောင်တောင်တောင်ဆိုပြီး သိပ်ကြည့်ရတာမဟုတ်တော့ ခွင့်ထပ်မပေးနိုင်ဘူးပြောတယ်။ Wooyoung လည်းဘယ်လိုမှမတတ်နိုင်တဲ့အခါ အလုပ်သွားဖို့သာပြင်ရတော့တယ်။

ကားမှတ်တိုင်မှာ ကားစောင့်နေတုန်းက ရုတ်တရက်မှောင်လာတဲ့ကောင်းကင်ကြီးကြောင့် Wooyoung ကသက်ပြင်းချတယ်။ ထီးယူလာခဲ့ပေမယ့်လည်း ဒီခြေထောက်အနေအထားနဲ့ မိုးရေထဲဘယ်လိုပြေးလွှားနိုင်ပါ့မလဲ။ ကားမှတ်တိုင်အကျော်လေးကိုသွားကာ taxi တစ်စီးကိုသာလှမ်းတားလိုက်တယ်။

အလုပ်မရောက်ခင် ခပ်လှမ်းလှမ်းမှာကားကိုရပ်ခိုင်းလိုက်ပြီး အလုပ်ကိုခြေချင်သွားဖို့ဆုံးဖြတ်လိုက်တယ်။ ထော့နဲ့ထော့နဲ့ နဲ့လမ်းလျှောက်ရင်း အကွေ့မှာ ကားတစ်စီးကအရှိန်နဲ့ထွက်လာတာကြောင့် Wooyoung ကိုတိုက်မိမလိုဖြစ်သွားတယ်။ မတိုက်မိလိုက်ပေမယ့်လည်း ​လန့်ပြီးထိုင်ချလိုက်တော့ နာပြီးသားခြေထောက်က ပိုလို့တောင်နားသွားရပြီ။

ကားပေါ်ကလူက ဖြေးဖြေးမှန်မှန်ပဲဆင်းလာပြီး Wooyoung ကိုမြင်ရလောက်မယ့် ခပ်လှမ်းလှမ်းနေရာကနေရပ်ကာ အဆင်ပြေလားမမေးဘဲ သူ၀တ်ထားတဲ့မျက်မှန်ကို ခေါင်းပေါင်လှန်တင်လိုက်တယ်။

"အဲ့ဒီနေရာကနေ မထတော့ဘူးလား"

ထိုလူ့ကို Wooyoung သေချာအကဲခတ်ကြည့်လိုက်တော့ လူကောင်ခပ်ထွားထွားမဟုတ်သော်ငြားလည်း Wooyoung လောက်တော့မသေးကွေး။ မျက်လုံး၀ိုင်း၀ိုင်း နှုတ်ခမ်းချွန်ချွန်နဲ့ထိုလူ။ ၀တ်ပုံစားပုံက fashion industry နဲ့ပတ်သတ်နေတယ်ဆိုတာ ပြောနိုင်လောက်အောင်ကို စတိုင်ကျကျ၀တ်ဆင်ထားတယ်။

It's not your fault I can't be what you needWhere stories live. Discover now