3

53 10 0
                                    

        ဒီနေ့ Wooyoung အစောကြီးနိုးလို့နေတယ်။ ညကအိပ်ရာ၀င်နောက်ကျပေမယ့်လည်း မနက်မှာအစောကြီးနိုးနေတော့ သူ့ကိုယ်သူတောင်အံ့သြနေမိတယ်။ စောစောနိုးနေတာကြောင့် တစ်ခါလောက်လေးကျောင်းကိုစောစောသွားမယ်ဆိုပြီး သွက်သွက်လေးရေချိုးဖို့ထလိုက်တဲ့ Wooyoung။ အထမတော်တဲ့အခါ ကုတင်ပေါ်ကနေခြေခွင်ပြီးပြုတ်ကျလာတယ်။ အစကတော့ပြုတ်ကျရုံကျတယ်ထင်ပြီး ထကြည့်လိုက်တော့ အသည်းခိုက်အောင်တဆစ်ဆစ်နာလာတဲ့ ခြေချင်း၀တ်ကြောင့် Wooyoung မျက်ရည်တွေပါ၀ဲလာရတယ်။

အနီးအနားတစ်၀ိုက်ကိုကြည့်လိုက်တော့ ကုတင်းစွန်းလေးမှာ ဖုန်းကိုတွေ့တယ်။ ဖုန်းကိုယူပြီး contact ကိုဖွင့်ကြည့်လိုက်တော့ 'Jiwon😎´ ရယ် 'San❣️´ ရယ်ပဲရှိတဲ့ contact လေး။  နှစ်ယောက်ထဲကဘယ်သူ့ကိုဆက်ရမှန်းမသိဝေခွဲမရဖြစ်နေတဲ့ Wooyoung ကသူငယ်ချင်းဖြစ်သူကိုဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်တယ်။ သို့သော် ring နှစ်ခါမြည်ပြီးတာနဲ့ voice massage ကိုတန်းရောက်သွားတာကြောင့် သူကျောင်းရောက်နေပြီမှန်း Wooyoung သိလိုက်တယ်။ Jiwon ကကျောင်းရောက်တာနဲ့ ဖုန်းကို auto pilot လုပ်ထားတတ်တဲ့အကျင့်ရှိတယ်။ အိမ်ကလူတွေ သူကျောင်းမှာရှိနေတဲ့အချိန် ဖုန်းဆက်တာကို သူမကြိုက်လို့ ဆိုပြီး Wooyoung ကိုတစ်ခါပြောပြဖူးသေးတယ်။

ထိုင်နေလိုက်တော့နာတာကိုသိပ်မခံစားမိတော့တာကြောင့် ဖုန်းကိုပြန်ချလိုက်ပြီး ကုတင်ကိုအားပြုကာ ထကြည့်လိုက်တော့ ပြန်နာလာပြန်တဲ့ခြေထောက်ကြောင့် ကုတင်ပေါ်တက်ကာသာ ပြန်လှဲနေလိုက်တော့တယ်။ ဒီနေ့တော့ Wooyoung ကျောင်းတက်ဖို့မဖြစ်နိုင်တော့ဘူးထင်တယ်။ လှဲနေရင်း ရုတ်တရက်မြည်လာတဲ့ဖုန်းကြောင့် ဘယ်သူလဲကြည့်မိတော့ 'San❣️´။

"San? ဘာဖြစ်လို့လဲ"

"Wooyoung အခုကျောင်းသွားနေပြီလား"

"မသွားရ-"

"ကျွန်တော် Wooyoung တိုက်အောက်ရောက်နေတယ်"

        အိပ်ရာထဲလှဲနေရာကနေ တိုက်အောက်ရောက်နေတယ်ဆိုတဲ့ San ရဲ့အသံကိုလည်းကြားရော အိပ်ရာထဲချက်ချင်းထထိုင်လိုက်တဲ့ Wooyoung။ နှုတ်ခမ်းလေးမှာလည်း အပြုံးချိုချိုလေးချိတ်ဆွဲလို့။ ဒါပေမယ့် သူ့ခြေထောက်အခြေအနေကိုသတိရသွားတာကြောင့် ၀ရန်တာထွက်ပြီး San ကိုနှုတ်ဆက်ဖို့ဆိုတာမဖြစ်နိုင်။

It's not your fault I can't be what you needWhere stories live. Discover now