ကိုယ်လုံးသွယ်သွယ်လေးကို ကောက်မကာ Jungkookအခန်းထဲကို ခပ်မြန်မြန်သွားလိုက်သည်။
Kim Taehyungကတော့ ရုန်းနေပေမဲ့
အားအရ သူနဲ့မယှဉ်နိုင်ပေ။အခန်းထဲရောက်တော့ ကုတင်ပေါ်ကို ငြင်ငြင်သာသာလေးချပေးကာ
" ကျွန်တော်ကို စိတ်ဆိုးနေတာလား ဟင်လို့ ခင်ဗျားရယ် စိတ်မဆိုးပါနဲ့နော် "
ကြောင်လေးတစ်ကောင်လို့ Kim Taehyung ကို ကပ်ချွဲနေပေမဲ့ တုန့်ပြန်မှုမရှိပါ။
အရင်ကဆို သူအဲလိုလေးပြောလိုက်နဲ့ ဘယ်လောက် အမှားကြီးကြီး ခွင့်လွှတ်ပေးတက်သူ Kim Taehyung
" Jungkook ငါအိပ်ချင်ပြီ "
" Kim Taehyung!!! "
ချော့နေတာတောင် အချိုးမပြေတဲ့လူကို အသံမာမာအော်လိုက်မိသည်။
မော့ကြည့်လာတဲ့ ထိုလူမျက်၀န်းတွေဟာ ကွဲကြေနေသလို့ သူကိုစိတ်ပျက်နေလို့ဟင့်အင်း မဖြစ်ရဘူး။
အဲလို့မျက်၀န်းတွေနဲ့ မကြည့်နဲ့။
Kim Taehyungကို သူမုန်းပေမဲ့ ထိုလူက သူကိုအမြဲချစ်ရမယ်လေ။" ပြော Jungkook "
လေသံကိုအတက်နိုင်ဆုံးထိန်းကာ
" ကျုပ်ကို ချစ်တယ်ပြောပါဦး Kim Taehyung "
" ငါပင်ပန်းလို့ နားချင်ပြီ "
သူတောင်မေးစရာမလိုအောင် အမြဲချစ်တယ်ပြောတက်တဲ့ Kim Taehyungဟာ သူမေးတာတောင် မဖြေချင်သလို့ ရှောင်နေသည်။
" ပြောစမ်းပါ ခင်ဗျားရာ "
" ငါနားချင်ပြီ "
" ကျွန်တော်တို့စကားပြောရအောင်လေ "
" Jungkook ငါနားချင်ပြီ "
လျစ်လျုရှုနေတဲ့ ထိုလူက သူဒေါသကို လာဆွနေသလို
" တောက်စ် Kim Taehyung ခင်ဗျားအသစ်တွေ့နေတာလား ဟမ်!!!! ကျုပ်နဲ့စကားမပြောချင်လောက်အောင် "
မဆိုင်တာကို လာမဲနေတဲ့ မောင်။
" မဆိုင်တာမပြောနဲ့ Jungkook "
" အဲတာဆို ပြောစမ်းဦး ကျုပ်ကိုချစ်တယ် မပြောနိုင်တဲ့ အကြောင်းအရင်း "
" အကြောင်းပြချက်မရှိဘူး ငါမပြောချင်လို့ "
" Kim Taehyung ခင်ဗျားစောက်ချိုးတွေပြောင်းနေတာ အေး ခင်ဗျား ဖောက်ပြန်ရဲဖောက်ပြန်ကြည့် နှစ်ယောက်လုံးကို အရှင်မထားဘူး "
YOU ARE READING
International Play Boy Mg
Non-FictionPlay Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး