ညနေလာခေါ်မယ်ပြောတဲ့ မောင်က အခုည7နာရီရှိသည် ထိမလာသေးပါ။
မောင် လမ်းမှာ တစ်ခုခုများ ဖြစ်ရော့သလား
ဖုန်းခေါ်တော့လည်း မကိုင်။တံခါးခေါက်သံကြားလို့ အပြေးလေးသွားကြည့်မိတော့သည်။
" Jungkook"
မောင် ဟုတ်မနေခဲ့ပါ။
အဲအစား Eunwoo နဲ့ BamBamပင်။" Taetae Hyung "
" ဪ လာကြလေ "
" ကျွန်တော်တို့က Hyungကို လာခေါ်တာ "
" ဟမ် ဘာလို့လဲ "
" Jungkookကလေ မအားလို့တဲ့ သူ့အိမ်ကို Hyungကို လိုက်ပို့ဆိုလို့ "
" ဪ ရပါတယ် "
" အဲဆို ကျွန်တော်အထုတ်တွေကူဆွဲပေးမယ်လေ အထုတ်တွေကရော "
အိမ်ထဲကို ဇိုးဇိုးဇွက်ဇွက်၀င်လာတဲ့ နှစ်ယောက်
မောင့်သူငယ်ချင်းတွေ ပီသပါပေ့။
ပြင်ထားတဲ့ အထုတ်တွေကို နှစ်ယောက်သား အကုန်ဆွဲကာ သူကို လုံး၀မထိခိုင်း။
" နေ နေ ကျွန်တော်တို့ဘဲ သယ်မယ် Hyung "
" Hyungကလည်း ယောင်္ကျားလေးပါ "
" သိပါတယ် Taetae Hyungရဲ့
Hyung ယောင်္ကျားလေးမှန်း၊
ဒါပေမဲ့ ကျွန်တော်တို့က အငယ်လေ အကြီးဖြစ်တဲ့ Taetae Hyungကို သယ်ခိုင်းလို့ ဘယ်ဖြစ်မလဲ "ပြောပြောပြီး အကုန်မကာ အခန်းထဲကထွက်ပြီး ဓာတ်လှေကားကို တည့်တည့်မတ်မတ်သွားနေတဲ့ နှစ်ယောက်
ဓာတ်လှေကားထဲ ရောက်တော့
" Eunwoo"
" ဗျာ "
" Min Yaungနဲ့ အဆင်ပြေရဲ့လား "
" ဒီလိုပါဘဲ "
ခေါင်းကုတ်ကာ ရယ်ကျဲကျဲနဲ့ ဖြေတဲ့ Eunwoo
" သူက နည်းနည်းဆိုတော့ သည်းခံပေါ့ "
" ဟုတ် Taetae Hyung "
ဓာတ်လှေကားရပ်သွားတော့ သူတို့လည်း ခပ်မြန်မြန် ကားဆီကိုသွားလိုက်တော့သည်။
ကားပေါ်ရောက်တော့လည်း ဟာသတွေပြောနေတဲ့ Eunwoo နဲ့ BamBamကြောင့် သူမှာ မောင်ကိုတောင် မေ့သည်ထိ ရယ်နေမိသည်။
YOU ARE READING
International Play Boy Mg
Non-FictionPlay Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး