Taehyungလည်း သတိချပ်လိုက်တော့
အတွေးတွေက ပစ္စပ္ပုန်ကိုပြန်ရောက်လာတော့သည်။" ဟင့်အင်းမရစ်ပါဘူး မင်းက "
" ဪ ဟုတ်လား "
Jungkook ခေါင်းနည်းနည်းရှုပ်မိသည်။
သူသေချာမမှတ်မိပေမဲ့ မနေ့ညကသူ ငြိမ်နေခဲ့တာတော့ မဟုတ်နိုင်။အာ ခေါင်းရှုပ်လိုက်တာ
Taehyungဘယ်က အတွေးကတော့ ရိုးရှင်းသည်။
မနေ့ညက သူစနမ်းလိုက်တဲ့ အနမ်းကို မမှတ်မိစေချင်တာ အဓိကအချက်၊Jungkook မမှတ်မိလို့ Taehyungတကယ်၀မ်းသာလှ၏
" ငါတို့ကျောင်းသွားစို့လေ "
" အော နေပါဦး ငါကား "
" Barမှာကျန်ခဲ့တယ် ငါသေချာအပ်ထားခဲ့ပါတယ် "
" အော "
" ငါကားနဲ့ကျောင်းကို လိုက်ခဲ့လေ "
" ပြီးရော သွားကြစို့ "
နှစ်ယောက်သား တိုက်ခန်းထဲက ထွက်လာတော့ အိမ်နီးချင်းမိန်းမကြီးကလည်း အပြင်သွားတော့မလို့ ပုံစံနဲ့သူတိုက်ခန်းထဲကထွက်လာသည်။
Taehyungတို့နှစ်ယောက်ကို မြင်တော့ မိန်းမကြီးက နှာခေါင်းရှုံ့သည်။
Taehyungကလည်း နှာခေါင်းရှုံပြရင် နှာခေါင်းတောင်ပြတ်ပြမဲ့ သူမျိုးဆိုတော့ ပေကပ်ကပ်နဲ့ မိန်းမကြီးကို ရပ်ကြည့်ပေးလိုက်သည်။
Jungkookကပါ မှင်သေသေကြည့်နေသဖြင့် အဒေါ်ကြီးက ရှောင်ထွက်သွားတော့သည်။
မိန်းမကြီးထွက်သွားတော့ Taehyungရဲ့ ပွစိပွစိဇာတ်လမ်းစတော့သည်။
" ဟွန်း အဲမိန်းမကြီး မပြောချင်လို့ လူကြည့်တော့ ခွေးပစ်တဲ့ တုတ်လောက်ရှိတာ စကားပြောပုံက ပုတ်လောက်ရှိတယ် "
" ပြောပြန်ရင်လည်း Kim Taehyungတို့ ရိုင်းစိုင်းရာကျဦးမယ် ဟွန်း "
Jungkook တတွတ်တွတ်နဲ့ ပြောနေတဲ့လူကို ကြည့်မိတော့
၀တ်ပုံစားပုံက တကယ့် Daddy type လိုလိုဘာလိုနဲ့။
တည်ငြမ်အေးဆေးသူကြီးပုံစံမျိုး။
လုံး၀ပစ်ကြွေချင်စရာကြီး

YOU ARE READING
International Play Boy Mg
FanfictionPlay Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး