Taehyungကျောင်းမှာ တစ်မနက်ခင်းလုံး မောင်ကိုမတွေ့ပါ။
မောင်တော်တော်အလုပ်ရှုပ်နေတယ်ထင်ပါတယ်" Taehyungi Taehyungi "
" အော အော "
အတွေးလွန်ပုံက Min Yaungမ အော်ခေါ်ခေါ်တာမကြားသည်ထိ။
ဘေးပတ်လည်ကြည့်မိတော့ Eunwoo, BamBam, Jingoo တို့တောင် ရောက်နေသည်။ မောင်တော့မပါပါ။
" ကျွန်တော်တို့က နေ့လည်စာစားဖို့လာခေါ်တာ "
" အင်း အင်း သွားမယ်လေ "
" ငါတော့မလိုက်တော့ဘူး Taetae "
" ဘာလို့လဲ Mochiရ "
" ကိုကိုက_ "
" ငါ့အကိုက သူကိုနေ့တိုင်း နေ့လည်စာ လာကျွေးတယ် ရင်နာစရာအကောင်းဆုံးကလေ ဒီနှစ်ရက်အတွင်း ငါကိုဘယ်တုန်းကမှ မခေါ်သွားဘူး "
Jiminစကားမဆုံးသေး တတွတ်တွတ်၀င်ပြောတဲ့ Min Yaung
သူမကြည့်ရတာ ခံပြင်းနေပုံ။
" ခံပြင်းနေတာလား Yaungလေး အဲဒါဆိုရည်းစာထားလေ အေးလေ ရည်းစားမရှိတဲ့ မင်းလေး ဒါတွေနားမလည်ဘူး "
Mochiက အခုရက်ပိုင်း ကလေးပေါက်စလေးနဲ့ တူလှပါသည်။
အမြဲရန်လိုက်ထောင်ကာ ရည်းစားမရှိတဲ့ Min Yaungကို ရှက်ပလန်နဲ့ နှိမ်သည်။" Taehyungi ငါကိုထိန်းထားစမ်းပါ မဟုတ်ရင် ဒီJiminကို အသေသတ်မိတော့မှာ "
" လာလေ ငါမှကိုကိုရှိတယ် နားလည်လား "
" ရားးးးး Park Jimin နင်ကိုဒီနေ့မှ မထိုးနိုင်ရင် ငါ Min Yaungမဟုတ်တော့ဘူး "
Jiminကတော့ ပြေးတော့တာလုံးနေတာပင်။
Min Yaungက အနောက်ကလ်ိုက် လူဆိုးမလေးကို သဘောကျတဲ့ Eunwooကလည်း အနောက်က လိုက်ရရှာသည်။ကျန်ခဲ့တဲ့ သူတို့သုံးယောက်ကတော့ ရယ်နေကျရောသည်။
" ကန်တင်းမှာ စောင့်မယ်ဟေ့ "
BamBamက လှမ်းအော်ပြောသည်။
....
ထိုနေ့တစ်နေ့လုံးကျောင်းမှာ မောင်ကိုမတွေ့ပါ။
အိမ်ပြန်လာတော့ Taehyungသူ့ကားကို သွားယူပြီး ပြန်လာခဲ့တော့သည်။
YOU ARE READING
International Play Boy Mg
No FicciónPlay Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး