Time back
Taehyung uni စတက်ကထဲက Jeon Jungkook ကိုသတိထားမိချင်ပင်။
သူက gay တစ်ယောက်ဖြစ်နေတာကြောင့် ယောကျာ်းလေးတစ်ယောက်ကို လွယ်လွယ်စိတ်ဝင်စားတယ်ပြောရအောင် Taehyung အဲလောက်မလွယ်ပေ။
Jeon Jungkook ကို မြင်မြင်ချင်းသဘောကျမိတယ်ပြောမလား၊
Jungkook ကိုစတွေ့တုန်းက uni မှာတော့မဟုတ်၊ကစားကွင်းမှာပင်uniကျောင်းပိတ်ရက် ဖြစ်တာကြောင့် Taehyungတို့ သူငယ်ချင်းတစ်စု ကစားကွင်းကိုလည်ချင်ဖြစ်သည်။
အဲတုန်းက ကလေလေးတစ်ယောက်ငိုနေတာကို ဒူးထောက်ပြီး ချော့မြူနေတဲ့ Jeon Jungkook ပုံရိပ်က Taehyung အတွက် နတ်သားလေးလို့ပင်၊
အဲမြင်ကွင်းလေးကို Taehyung အကြာကြီးရပ်ကြည့်မိတဲ့ အထိပေ၊
Jeon Jungkook အကြောင်း စုံစမ်းမိတော့ Taehyung တို့နဲ့ ကျောင်းတူသတဲ့၊
အဲအပြင်သိလိုက်ရတာ လူဆိုးလူမိုက်ဂုဏ်ပုဒ်အပြင် Interntional Play Boy ဆိုတာကြီးတောင်ပါခဲ့သေးသည်။သေသေချာချာစဥ်းစားကြည့်ရင် Jeon Jungkook က Taehyung Type လုံးလုံးကိုမဟုတ်ပေ။
ဒါပေမဲ့ Taehyung သဘောကျတာရပ်လို့မရခဲ့။
အဝေးကနေဘဲ ကြည့်နေပြီး တိတ်တိတ်လေးဘဲ ချစ်သွားမယ်ဆိုပြီး ဇာတ်လမ်းတွေ ရိုက်ခဲ့ပေမဲ့ ကံဆိုးချင်တော့ Taehyung ရဲ့ သူငယ်ချင်း ငမွေထိုးနှစ်ယောက်က သိနေခဲ့သည်။
.....
" ရား Kim Taehyung Park Jimin "
" ပြော "
" ငါတို့ အလောင်းကစားလုပ်ရအောင်"
Min Yoonme Yaung ဆိုတဲ့ Taehyung တို့ ရဲ့သူငယ်ချင်းမလေးက အလောင်းကစား ဝါသနာပါလှသည်။
ဖဲတို့ ကာစီနိုတို့လို့ အလောင်းကစားမဟုတ်ဘဲနဲ့ ယှဥ်ပြိုင်ရတာမျိုးသိပ်သဘောကျသည်။
" ပြောကြည့်လေ "
" ငါတို့ ခိုင်းတာလုပ်ရမယ် "
" အင်း ဘယ်လိုမျိုးလဲ "
Jimin ကတော့ Yaung စကားကိုစိတ်ဝင်စားသွားသည်။
" ခိုင်းတာလုပ်ရမှာ အကယ်လို့မလုပ်နိုင်ခဲ့ရင် အပြစ်ဒဏ်ခံရမယ် သဘောတူလား "
![](https://img.wattpad.com/cover/342072366-288-k388941.jpg)
YOU ARE READING
International Play Boy Mg
Non-FictionPlay Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး