စာရေးသူရဲ့ စိတ်ကူးမျှသာပိုက်ဆံရှိတဲ့သူတိုင်းငွေဂုဏ်မှောက်ကြတာ
တော့အမှန်ပင်
ထိုသူတွေကို ကျွန်တော် ဘာမှအပြစ်မဆိုလိုပါဘူး ကျွန်တော်လဲစဉ်းစားဖူးတယ်လေ ပိုက်ဆံရှိရင်
ခပ်ချေချေနေမယ်လို့ပေါ့ ကလေးစိတ်ကူးတွေပေါ့
ပိုက်ဆံဆိုတဲ့အရာက လူတွေကိုတတိတ်တဆိတ်စကားပြောလွန်းတယ် ပိုက်ဆံရှိတဲ့လူတွေ လုပ်သမျှက အကုန်မှန်နေတတ်ပြီ အမှားးးးလုပ်ရင်တောင် မှန်နေတတ်တာမျိုးပေါ့
ပိုက်ဆံမရှိတဲ့သူတွေအမှားလုပ်မိရင်တော့ ပြောမနေပါတော့နဲ့ဗျာ စိတ်အားငယ်ရသလိုသိမ်ငယ်ရတယ်ဗျာ
စကားတွေအရစ်ရှည်နေပါပြီ ဇာတ်လမ်းလေးစရအောင်"သမီးလေးဆူးခက်နှောင်း....ဟိုရောက်ရင်ကောင်းကောင်းနေရမယ်နော် အလုပ်ကိုသေချာလုပ်နော် အမေတို့က ဆင်းရဲပေမဲ့ စိတ်ဓာတ်ကအောက်တန်းမကျဘူး သူများပစ္စည်းကိုအပ်တိုတစ်ချောင်းတောင်မယူမိစေနဲ့သမီး.....နောက်ပြီ....."
"အမလေး မခက်ရယ် ညီးမလဲ အာလောက်ထိစိတ်ပူမနေစမ်းပါနဲ့အေ တော့်သမီးကို ကျုပ်ကိုယ်တိုင်ဆိုဆုံးမေပးမာပါအေ ပြစ်မထားပါဘူး"
"ကျုပ်က စိတ်ပူလွန်းလို့ပါ"
"အမေ စိတ်မပူပါနဲ့ အမေမှာတမ်းတွေကိုသမီးမာအကုန်လုံးအလွတ်ရနေပြီ သိလား"
"မခက်ရေ...နောက်ကျနေပြီ ကျုပ်တို့သွားရတော့မယ် ဒီအချိန်မှမသွားရင် မြို့ဂိတ်တံခါးကပိတ်သွားလိမ့်မယ်တော်ရေ...."
"အေးပါအေ ...သမီးဆူးခက်နှောင်းအမေစီ စာမှန်မှန်ရေးရမယ်နော်"
"ဟုတ် အမေသမီးသွားတော့မယ်နော် သမီးမှာတာတွေကိုလဲမမေ့နဲ့နော် ဆေးမှန်မှန်သောက်နော်"
"ပိုလိုက်ကျတာအေ"
ဒေါ်ခက်တစ်ယောက် သူသမီးကို တပါးသူရဲ့အိမ်မာအိမ်စေအဖြစ် မနေခိုင်းလိုပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်တာကတကြောင်း သမီးကလဲသွားချင်တာကတေကြာင်းကြောင့်လွှတ်ရတော့လေသည်။
ငယ်ငယ်ကတည်းက
ဆူးခက်နှောင်းရဲ့ဘဝမာ အမေတစ်ယောက်သာရှိတာမို့ အမေကိုဆူးခက်နှောင်းသိပ်ချစ်သလို အမေကလဲ ဆူးခက်နှောင်းကို သိပ်ချစ်ပါတယ်၊
မခွဲစဖူးခွဲရတာမို့ ဆူးခက်နှောင်း အမေကိုစိတ်မချသလို၊ အမေကလဲ စိတ်မချနိုင်ဖြစ်နေလေသည်။အကြီးမြကတော့ ကဲကဲသဲသဲဆိုပြီ မျက်စောင်းတွေထိုးနေလေရဲ့
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
"အကြီးမြရောက်ပြီလားဟင်..."