"အာ.....နှင်းဆီ...လာ ဒီမှာထိုင်..."ထုံးစံအတိုင်း လှပသောဝတ်စုံကို ၀တ်ဆင်ထားပြီလှေကားမှဆင်းလာသော မြင့်မိုရ်နှင်းဆီအား မစ္စတာဆိုတဲ့သူက ပြောလိုက်သည်။
မစ္စတာ ဆိုတဲ့သူဆိုသည်မာ သခင်ကြီးရဲ့လုပ်ကိုင်ဖော်ပင်။ ထိုသူသည် လူဖြူဖြစ်ပြီ အသက်သည် လေးဆယ်ကျော်။ အသက်ကြီးနေပေမဲ့လို့ ထိုလူကြီးသည် တဏာရာဂထနေတုန်းပင်။အခုတောင် ထိုလူကြီးသည် မြင့်မိုရ်နှင်းဆီအား ဝါးစားမတတ်ကြည့်နေလေသည်။
မြင့်မိုရ်နှင်းဆီ သူမအား အာလိုကြည့်တာမကြိုက်ပေ။"နှင်းဆီက ဘယ်ချိန်ကြည့်ကြည့် လှနေတာဘဲဗျာ"
"........"
မြင့်မိုရ်နှင်းဆီသည် သူမကို နှင်းဆီဟုခေါ်ခြင်းကိုမကြိုက်ပါ။ အထူးသဖြင့် သူမမကြိုက်တဲ့ လူတွေပေါ့။ ဒါကြောင့် မစ္စတာကို ပထမနေ့ကတည်းက သူမမှာ ကောင်းမွန်တဲ့ သဘောထားမရှိခဲ့ပါ။
မြင့်မိုရ်နှင်းဆီ က စကားတစ်ခွန်းမှ မပြောဘဲ ထမင်းစား စားပွဲပေါ်မှ ထိုင်ချလိုက်သည်... သူမသည် လှပသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ထို့ပြင် ငယ်စဉ်ကလေးဘဝကတည်းက သခင်ကြီးထံမှသင်ယူခဲ့သော ဓလေ့ထုံးစံများကြောင့် ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။
ဒါပေမယ့် ဒါဟာ သူမရဲ့ပုံစံအစစ်အမှန်လို့ လူတိုင်းကိုထင်ေစပြီ သူမရဲ့ပုံအစစ်အမှန်ကိုေတာ့လျှို့ဝှက်ထားခဲ့ပါတယ်။
"Ah... မစ္စ....မနက်ဖြန်ခရီးထွက်ဖို့ရှိတယ်ဆို.....ဘယ်ကိုသွားမလို့လဲ"
"ကိုယ်ရေးကိုယ်တာကိစ္စကို ဒီမာမမေးပါနဲ့မစ္စတာ"
"Ah....sorry"
"နှင်းဆီ....မင်းအခုတလော စွမ်းဆောင်ရည်တွေကျလာတယ်လို့ ပြောသံကြားတယ် ဘာလို့လဲ ငါသင်ပေးတာတွေကို မေ့သွားတာလား"
"မဟုတ်ပါဘူး.."
"မင်း ဒီညငါအခန်းထဲကိုလာခဲ့ ငါမင်းကိုသင်ပြစရာရှိတယ်"
"ဟုတ်"
"ငါမစ္စတာနဲ့မနက်ဖြန်ခရီးထွက်ဖို့ရှိတယ် အနည်းဆုံးသုံးလေးပတ်လောက်ကြာမယ် ငါမရှိတဲ့အတောအတွင်း မင်း ဒီအိမ်တော်ကို ကမောက်ကမာမဖြစ်အောင် ထားမယ်လို့ ငါယုံတယ် နောက်ပြီ မင်း ဒါမျိုးဖြစ်တာ နောက်ဆုံးအကြိမ်ဖြစ်ပါစေ မြင့်မိုရ်နှင်းဆီ"