အပိုင်း ၅

712 16 2
                                    

"ဟဲ့နင်"

မိမိကိုခေါ်လာတဲ့သူကြောင့် ဆူးခက်နှောင်း မိမိကိုခေါ်တာလားလို့ မယုံကြည်စွာ လက်ညိုးထိုးကာ မေးငေါ့ပြလိုက်သည်။

"ဟုတ်တယ်နင်...ရော့! နင်ဒီအဝတ်အစားတွေကို  သခင်မလေးအခန်းထဲယူသွား"

" ဒါသခင်မလေး ညကျဝတ်ဆင်မဲ့ဝတ်ဆုံဘဲ ဘာမှအမှားမလုပ်မိစေနဲ့ မဟုတ်ရင် သခင်ကြီးက အပြစ်ပေးလိမ့်မယ် "

ထိုသို့ပြောကာ သူမထွက်သ‌ွားသည်နှင့် ဆူးခက်နှောင်းအနောက်တိုင်း ဝတ်ဆုံ ဂါဝန်အကျီအနီလေးအား သေချာကိုင်ပြီ သခင်မလေးစီသို့ သွားကာ တံခါးအား ခေါက်လိုက်သည်။
လော့မချထားသည့်အတွက် ထုံးစံအတိုင်း ဝင်သွားလိုက်သည်။

"သခင်မလေး"

"သခင်ကြီး ပေးလိုက်တဲ့ဝတ်ဆုံလား"

"ဟုတ်"

"အင်း ငါကိုဝတ်ပေး"

အနောက်တိုင်းဂါဝန်အကျီ‌အနီမာ မြင့်မိုရ်နှင်းဆီရဲ့ ဖွံ့ထွားသော ရင်သားအား လုံအောင် မဖုံး‌နိုင်ပေ။ ရင်သားတစ်ဝက်မာ ပေါ်နေလေသည်။သေးသွယ်လှ‌တဲ့ခါးရဲ့အလှကိုပေါ်လွင်အောင် အကျီရဲ့အပေါ်တွင် အဆင်တန်ဆာများမှာ လှလှပပဆင်ယင်ထားတာ‌မို့ မြင့်မိုရ်နှင်းဆီ နဲ့အကျီမာလိုက်ဖက်ညီလျက်ရှိသည်။အ‌ေနာက်တိုင်း ဂါဝန်အကျီမာ မြင့်မိုရ်နှင်းဆီရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေသည်။
ဂါဝန်မာ ‌‌ဒူးနားရောက်ရုံလောက်သာရှည်တာမို့ မနှင်းဆီရဲ့ ဖြူဖွေးသော ပေါင်တံသွယ်သွယ်ကို အထင်းသားမြင်တွေ့နေရသည်။

ဆူးခက်နှောင်း သခင်ကြီးဟာ သခင်မလေးကို ဒါမျိုးဝတ်ဆုံဝတ်ခိုင်းတာကို အလွန်အံ့ဩမိပါတယ်။ မြန်မာမိန်းကလေးဆိုတာ လုံလုံခြံခြုံနေခိုင်းရမဲ့အစား သခင်ကြီးကဝောာ့ သခင်မလေးကို အနောက်တိုင်းယဉ်ကျေးမှုအတိုင်းနေခိုင်းတာကိုနားမလည်နိုင်ဖြစ်ရပါတယ်။
သခင်မလေးဟာ ဂါဝန်နဲ့အလွန်လှပနေပေမဲ့ နီရ‌ဲနေတဲ့နှုတ်ခမ်းဖူးလေးကို တင်းနေအောင်စေ့ပြီ ပြတင်းပေါက်ကို ငေးကြည့်ကာ ကျောက်ရုပ်လို ငြိမ်သက်စွာနေနေလေသည်။
ကော့ညွတ်နေတဲ့မျက်တောင်လေးအောက်က မျက်ဝန်းလေးမာ ဝမ်းနည်းသယောင်ယောင်‌ဖြစ်နေတာကို ဆူးခက်နှောင်းသတိပြုမိသွားသည်။

"သခင်မလေး စိတ်ညစ်စရာရှိလို့လား"

"......."

"ငါလှလား ဆူးခက်နှောင်း"

ဆူးခက်နှောင်းကိုမကြည့်ဘဲမေးလာသော မြင့်မိုရ်နှင်းဆီရယ်ပါ။
ဆူးခက်နှောင်း သခင်မလေးကို စိုက်ကြည့်လိုက်တဲ့အချိန်မာ မြင့်မိုရ်နှင်းဆီကလှည့်လာတာမို့ သူမတို့နှစ်‌ေယာက်အကြည့်ချင်းဆုံသွားသည်။
အကြည့်ဆုံလိုက်တာခနမာပင် သူမရဲ့နှလုံးသားမာလှုပ်ခတ်သွားလေသည်။

"အို......"

လှုပ်ခတ်သွားတဲ့နှလုံးသား‌ေကြာင့် ဆူးခက်နှောင်း သူမရင်ဘတ်အား လက်ဖြင့်ဖိလိုက်ပြီ

"သခင်မက အရမ်းအရမ်းကိုလှပပါတယ်"

"သူများတွေပြောတာတော့ ငါက ငါအမေလောက်မလှဘူးတဲ့"

"ဆူးတော့ မမလေးကို မလှဘူးလို့ ပြောတဲ့လူကို ပါးသာပြေးရုိက်ချင်တော့တယ် သခင်မလေးက ဒီလောက်လှတာကို"

ဆူးခက်နှောင်းစိတ်တိုစွာပြောပြီတာန‌ဲ့ မနှင်းဆီသဘောကျစွာရယ်လိုက်သည်။

"ဟားဟား"

"........"

"ဆူး မင်းသာအာလိုပါးရိုက်ရင် သခင်ကြီးက အများဆုံးပါးရိုက်ခံရမဲ့သူဘဲနေမယ်....ဟားဟား"

စောနက ဝမ်းနည်းသယောင်ယောင်ဖြစ်နေတဲ့သူမက သူမဟုတ်သလို ပျော်ရွှင်နေတဲ့ သခင်မလေးမနှင်းဆီကြောင့် ဆူးဟာသူရဲ့မိုင်ပိုတ‌ဲ့ စကားကြောင့်ရှက်နေပေမဲ့  သူပါထပ်တူပျော်ရွှင်နေသည် ။
သူ မရည်ရွယ်ဘဲပြောလိုက်မိတဲ့ စကားက သခင်မလေးမနှင်းဆီကို တကယ်ဘဲ ပျော်ရွှင်စေခဲ့မိတာလား....။

ကိုယ်သုံးမဲ့coverလေးပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကိုယ်သုံးမဲ့coverလေးပါ

#စာနည်းသွားတယ် နောက်တစ်ခါရှည်ရှည်ရေးပေးပါမယ် အခုအိပ်ချင်လို့အိပ်ပြီ🥱
#အရမ်းပျင်းတဲ့သာသာရယ်ပါ🥴

နှင်းဆီနဲ့တူတဲ့အချစ်Where stories live. Discover now