တနေကုန်အလုပ်တွေ လုပ်နေရတာမို့ ဆူးခက်နှောင်း ရောက်ရောက်ချင်းညကလို အတွေးမများနိုင် ညကမအိပ်လိုက်ရတာမေကြာင့် အိပ်ငိုက်နေတာမို့
ဆူးခက်နှောင်း ရေမြန်မြန်ချိုးပြီ မြန်မြန်အိပ်လိုက်သည်။"~~~~"
ဌက်လေးတွေရဲ့တေးသံနဲ့အတူ ဆူးခက်နှောင်း နိုးလာသည်။
အရင်တုန်းက မျက်နှာကို ကျရောက်တတ်တဲ့မနက်ခင်းနေရောင်ခြည်နွေးနွေးလေးကို ဆူးခက်နှောင်းလွမ်းနေမိသည်။
ဒီအိမ်တော်ကြီးက သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတာမို့ တော်ရုံတန်ရုံ အလင်းထွင်းမဖောက်နိုင်ပေ။နံနက်မိုးသောက်ပြီလို့တာဆိုတာ အခုချိန်ထိ အိမ်တော်ကြီးထဲတွင်မှောင်မဲနေတုန်းပင်။
ဆူးခက်နှောင်း ကြာကြာပင်မလွမ်းနိုင် သူအိပ်ရာထနောက်ကျပြီ အလုပ်နှောင့်နှေးမာကိုသူကြောက်တယ်။ဒါေကြာင့် ဆူးခက်နှောင်းမြန်မြန်ပြင်ဆင်ပြီသခင်မလေးမနှင်ဆီအခန်းစီသို့ သွားလေသည်။
ဆူးခက်နှောင်း အကြီးမြလိုဘဲ တံခါးကိုခေါက်ပြီ အသာတွန်းဖွင်လိုက်သည်။
ပထမဆုံးနေ့ကလို မနှင်းဆီ အိပ်ပျော်မနေဘဲ အစောရီးထနေတာကို မြင်ရတော့ ဆူးခက်နှောင်း လန့်သွားသည်။ သူလာတာနောက်ကျနေပြီလားပေါ့"သခင်မလေး....ဆူး...."
မဝံ့မရဲဖြစ်နေတဲ့ ဆူးခက်နှောင်းကို မနှင်းဆီစိတ်ရှုပ်စွာကြည့်ပြီ
"ဘာဖြစ်နေတာလဲ ဆူးခက်နှောင်း"
"တောင်းပန်ပါတယ်..."
"ဘာလို့လဲ"
"ဆူးဒီကိုလာတာနောက်ကျလို့ပါ"
"......."
မနှင်းဆီ အားရပါးရရယ်လိုက်သည်။
"နောက်မကျပါဘူး အချိန်မှန်ပါတယ်"
မနှင်းဆီထိုသို့ပြောပြီ ပြတင်းပေါက်ကိုငေးနေလေသည်။
ဆူးခက်နှောင်းကတော့ ကြောင်တောင်တောင်ဖြစ်နေလေသည်။
စောနက သခင်မလေးမနှင်းဆီက ငါကြောင့်ရယ်သွားတာလား။အာ ရှက်လိုက်တာ။
ဒါနဲ့သူရယ်ရင်အရမ်းလှတာဘဲ မဟုတ်ဘူး သူကဘယ်လိုေနေနလှေနတာဘဲ။သူက ငါထင်ထားတာနဲ့တခြားဆီပါဘဲလား။ချစ်စရာလဲကောင်း....အဲအဲ သခင်မလေးမနှင်းဆီ
"သခင်မလေး ရေချိုးဖို့ ရေနွေးစပ်ထားပါတယ်"