မိုးသာလင်းသွားတယ် ဆူးခက်နှောင်းနေရာအသစ်မာအသားမကျတာမို့တရေးမှ
မအိပ်ရသေးပါဘူး။ဆူးခက်နှောင်း ဟိုတွေဒီတွေးနေရင်း အချိန်ကုန်နေတုန်း အကြီးမြက တံခါးခေါက်၍လာနိုးနေလေသည်။"ဆူး......ဆူး"
ဆူးခက်ေနှာင်းတံခါးအလျင်မြန်ဖွင့်လိုက်ပြီ
"ဟုတ်အကြီးမြ"
"ညည်းအစောရီးနိုးနေတာဘဲ"
"ဆူးအိပ်လို့မရလို့ နေရာအသစ်မာဆို အိပ်လို့မပျော်ဘူးဆူးက"
"နေရာအသစ်နဲ့မြန်မြန်အသားကျသွားမာပါ
ကဲ အခုမြန်မြန်ထပြီ ငါနောက်လိုက်ခဲ့ရေချိုးတဲ့နေရာကို ငါလိုက်ပြမယ်""ဟုတ်"
ဆူးခက်နှောင်းရေချိုးပြီတော့ အကြီးမြထုတ်ပေးတဲ့ အိမ်ဖော်အကျီကို လဲဝတ်လိုက်သည်။
အားလုံးပြီသွားဝောာ့ အကြီးမြပြောတဲ့ ဒီအိမ်က သခင်မလေးဆိုတဲ့ မနှင်းဆီ စီ ဆူးခက်နှောင်းသွားရလေသည်။ဘယ်လောက်မှသွားစရာမလိုပေ။ သခင်မလေးမနှင်းဆီနဲ့ သူအခန်းက နီးနီးလေးကြောင့်ပင်။"ငါနောက်နေ့ဆို လာမနိုးတော့ဘူးနော်"
"ဟုတ်ကဲ့"
"ညည်းအလုပ်က သခင်မလေးမနှင်းဆီကို အချိန်ပြည့် ဂရုစိုက်ပြီ သူခိုင်းတာလုပ်ရမာ
ဒါ သခင်မလေးမနှင်းဆီရဲ့အခန်းဘဲ"အသက်ငါးဆယ်နီးပါးရှိပြီဖြစ်သော အကြီးမြသည်ဒီအိမ်ေတာ်မာအလုပ်လုပ်တာ သူတသက်ရှိနေပြီဖြစ်သည်။အကြီးမြ တံခါးကို တစ်ကြိမ်ခေါက်ကာ အခန်းလက်ကိုင်ဘုကို လှည့်လိုက်သည်။
သော့မခတ်ထားတဲ့ အတွက်အခန်းတံခါးကို အသာတွန်းဖွင့်လိုက်သည်။လှပတဲ့အခန်းအပြင်အဆင်တွေကို ဆူးခက်နှောင်းဟိုကြည့်ဒီကြည့်နေနေရင်း မွေ့ရာထဲတွင်နစ်မြုပ်နေတဲ့ ကောင်မလေးကို သူမြင်လိုက်ရသည်။ဆူးခက်နှောင်းတန်းသိလိုက်သည်။ထိုကောင်မလေးက သူခစားရမဲ့ သခင်မလေးဆိုတဲ့သူဆိုတာလေ
"သခင်မလေး.....သခင်မလေး"
ထိုကောင်မလေးသည် ခေါင်းအုံးတွင် သူမျက်နှာကိုမြှုပ်ထားသည့်အပြင် ခြေထောက်နှစ်ဖက်ကို ဖြန့်ကာ အိပ်နေသည်ကို မြင်သောအခါ ဆူးခက်နှောင်း အနည်းငယ် ရယ်မောမိသွားသည်။အလွန်ချစ်ဖို့ကောင်းနေတာကို