ထမင်းစားချိန်မို့ အစေခံတန်းလျာတွေ အစေခံများ အစားအစာများကို သူထက်ငါအရင် စားဖိုမှုစီမာ တန်းစီကာအစားအစာများသွားယူနေကြလေသည်။
ဆူးခက်နှောင်း သူမ သူများတွေလိုဘဲ ပန်းကန်ပြားကိုင်ကာ တန်းစီကာနေလေသည်။
သူမတန်းစီနေပေမဲ့ နောက်ကလူတွေက ရှေ့ကိုကျော်တက်သွားကြတာမို့ ဆူးခက်နှောင်း သူအလှည့်ကိုမရောက်ပဲဖြစ်နေလေသည်။"ဆူးခက်နှောင်း နင်အခုထိ သခင်မလေးစီကို မသွားသေးဘူးလား နောက်ကျနေပြီနော် "
"ဟို ငါ"
"သခင်မလေးက စောင့်စားရတာတွေမကြိုက်ဘူးနော် နင်အခုသွားသင့်တယ်"
"......"
"အ"
ဆူးခက်နှောင်းသွားဖို့ နောက်ကိုလှည့်လိုက်တဲ့အချိန်မာပင် တစ်ယောက်ယောက်နဲ့တိုက်မိသွားပြီ ရှေ့ကို အရှိန်မထိန်းနိုင်စွာ လဲကျသွားသည်။
"အာ တောင်းပန်ပါတယ် ဆူးခက်နှောင်း ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး ရပါတယ်"
ဆူးခက်နှောင်း ထိုသို့ပြောပြီ ထထွက်လာခဲ့သည်။
"ဟင် ငါ ဖိနပ်တစ်ဘက်ရော
ငါဒီမာ ချွတ်ထားခဲ့တာပါ"ဆူးခက်နှောင်းထိုသို့ပြောပြီ အစေခံမတွေကို ကြည့်တော့ သူတို့က ပြုံးစိစိပင်။ ဆူးခက်နှောင်း ချက်ချင်းသူတို့လုပ်တာသိသွားသည်။ဒါပေမဲ့ ဆူးခက်နှောင်း ဘာမှမပြောဘဲ ဖိနပ်တစ်ဘက်သာစီးပြီ ထွက်လာခဲ့သည်။
ဆူးခက်နှောင်း သူမ ဘယ်သူနဲ့မှ ပြသာနာမတက်ချင်ပါ။ကိုယ်ကအခုမှအလုပ်စဝင်တာ ရက်ပိုင်းဘဲရှိနေတယ်မလား....။
"ဟူးး....ငါသည်းခံရမယ်"
~~~~~
"ဆူးခက်နှောင်း မင်းလာတာသိပ်နောက်ကျတယ်"
မိမိကိုစောင့်နေဟန်တူတဲ့ သခင်မလေးမနှင်းဆီကြောင့် ဆူးခက်နှောင်းသူမကို အားနာမိသွားသည်။
"တောင်းပန်ပါတယ်သခင်မလေး....ဆူး..."
"ငါနောက်လိုက်ခဲ့"
မိမိလက်ကို ဆွဲကာ တနေရာရာကိုဦးဆောင်သွားနေတဲ့သခင်မလေးကြောင့် ဆူးခက်နှောင်း တစ်ခွန်းတောင်မဟဘဲ အံဩရင်းသာလိုက်ပါသွားနေသည်။