အမတ်ချုပ်နေထိုင်ရာအိမ်တော်တွင်
"ပါး အရှင်မင်းကြီးက မကြာခင်မှာ ဧကရီတစ်ပါးရွေးတော့မယ်ကြားတယ် ပြီးတော့အရှင်ကအရမ်းချောပြီးအရမ်းတော်တယ်တဲ့သမီး ဧကရီဖြစ်ချင်တယ် သမီးရဲ့အလှနဲ့ဆိုအရှင်ကကျိန်းသေပေါက်ဧကရီမြှောက်လောက်တယ်"
မိန်းမပျိုတစ်ယောက်ရဲ့အသံက အမတ်ချုပ်ရဲ့အိမ်တော်တွင် ရှင်းလင်းပြတ်သားစွာကြားနေရပါတယ်
သူမနာမည်ကတော့ ယွင်ရှီးလို့ခေါ်ပြီး ဝန်ကြီးချုပ်ရဲ့သမီးဖြစ်ပေသည်။သူမရဲ့အဖေ ကျင်းကွမ်းယောင်ကတော့ သူ့သမီးကိုအလွန်တန်ဖိုးထားမြတ်နိုးသည်။သူမက သူမဖြစ်ချင်တဲ့ဘယ်အရာကိုမဆိုဖြစ်အောင်လုပ်တတ်သည်။သူမရဲ့အမေဟွားချင်းယွီသည်သူမငယ်ငယ်ကတည်းကဧကရီဖြစ်လာစေဖို့အမြဲပြောခဲ့သည်။
ဟွားချင်းယွီသည် အင်မတန်လှပပါသည် ချီအင်ပါယာမှာသူမကိုယှဉ်နိုင်တဲ့အလှမရှိပေ။အက၊သီချင်းနဲ့တူရိယာပေါင်းစုံတီးခတ်နိုင်သည်အထူးသဖြင့်ဓားအကမှာတစ်ဖက်ကမ်းခတ်အောင်တော်လှသည်ပြီးတော့သူမက အော်ပရာအဆိုတော်တစ်ယောက်လည်းဖြစ်ခဲ့သည်သူမရဲ့အလှ၊ သူမရဲ့ကြွယ်ဝချမ်းသာမှုတွေကိုပျက်စီးသွားစေခဲ့တဲ့တစ်ဉီးတည်းသောသူကတော့ အမတ်ချုပ်ရဲ့အရင်မိန်းမရဲ့သားဖြစ်သူရှောင်ကျန့်ကြောင့်ပဲ
ရှောင်ကျန့်ကသူမနဲ့လုံးဝဆန့်ကျင်ဘက်ပဲ။ စကားပြောတာမရှိသလောက်ကိုရှားတယ်၊အမြဲတိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်၊ငယ်ငယ်ကတည်းကမျက်နှာဖုံးအမြဲဝတ်ထားတာကြောင့်ဘယ်သူမှသူ့ကိုမမြင်ဖူးကြပေ။
ပြီးတော့ကျော်ကြားမှုတွေချမ်းသာမှုတွေကိုဂရုမစိုက်ဘူး။လူတိုင်းကိုလေးလေးစားစားဆက်ဆံတယ် ဒါမဲ့တစ်နေ့မှာသူ့အမကို
လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ဖို့ကြိုးစားတယ်လို့စွပ်စွဲခံခဲ့ရပြီးအိမ်တော်ကနေနှင်ထုတ်ခံခဲ့ရတယ် အမှန်တကယ်တော့အစေခံတွေဆီကအနိုင်ကျင့်ခံခဲ့ရတယ် ယွင်ရှီးနဲ့သူ့အမေဆီကအမြဲရိုက်နှက်ခံခဲ့ရတယ် သူ့မျက်နှာကိုအမြဲဖုံးကွယ်ထားတဲ့အတွက်ကြောင့်အရမ်းရုပ်ဆိုးတဲ့သူလို့ လူတွေကထင်နေခဲ့ကြတယ်
~~~~~~~~~~အိမ်တော်ရဲ့သီးသန့်ဆောင်တစ်ခုတွင်
"သခင် အရှင်မင်းကြီးက သဘက်ခါပင်မဆောင်ကိုအလည်သွားမယ်ကြားပါတယ်"
"မင်းငါ့ကိုသခင်လို့မခေါ်ပါနဲ့လို့ပြောထားတာဘယ်နခါရှိပြီလဲမင်းကငါ့ရဲ့မိသားစုဝင်ပဲမလို့ငါ့ကို ကော(အကို)လို့ပဲခေါ်ကြားလား"
စုတ်တံကို ကျကျနနကိုင်ကာ ကဗျာတစ်ပုဒ်ရေးနေရင်းလူငယ်လေးကစကားဆိုလိုက်တယ် ဒါကတော့သူ ညနေတိုင်းလုပ်နေကျဖြစ်တယ် ကဗျာမရေးတဲ့နေ့ဆိုရင်ပုလွေမှုတ်လေ့ရှိတယ်
"ဒါပေမဲ့သခင် ကျွန်တော်အဲ့လိုမလုပ်ရဲပါဘူး
သခင်ကကျွန်တော့်အပေါ်အရမ်းကောင်းတယ် အစေခံတစ်ယောက်လိုမဆက်ဆံဘူး ကျေးဇူးတင်ပါတယ်သခင်"
ထိုအစေခံကောင်လေးက သူ့သခင်ကို လက်ဖက်ရည်ထည့်ပေးရင်းပြောလိုက်တယ်"ငါမင်းကိုအစေခံတယောက်လို့မမြင်ဘူး
မင်းကိုညီလေးတစ်ယောက်လို့မြင်လို့ ပြည်တန်ဆာအိမ်ကနေဝယ်ခဲ့တာ""ဟုတ်ကဲ့ .ကော..ရဲ့ဂရုစိုက်မှုအတွက်ကျွန်တော်ဂုဏ်ယူမိပါတယ် ရှေ့လျှောက်သခင်ကျွန်တော်ကိုယုံကြည်လို့ပါတယ် ကျွန်တော့်ဘယ်တော့သစ္စာမဖောက်ပါဘူး"
Edited_2023.10.11(wed)
YOU ARE READING
I AM A MAN NOT YOUR QUEEN
Fanfictiontranslated with permission I will give full credit to owner of all photos used in this story start 2023.6.8 end