"ရှောင်ကျန့် ဒီနေ့နန်းတော်ထဲကို ငါနဲ့အတူသွားကြည့်ချင်လား"
အစားကိုသာ အာရုံရောက်နေတဲ့ရှောင်ကျန့်ကို မျှော်လင့်တကြီးမေးလိုက်တယ်၊ရှောင်ကျန့်ရဲ့ ဘုရင်ဝမ်အပေါ်ထားတဲ့အမြင်ကို သူပြေင်းလဲပေးရမယ်လေ။
ရှောင်ကျန့် အခုမှခေါင်းကိုမော့ပြီး လန်ကျန့်ကိုကြည့်တယ်
"မင်းငါ့ကို နောက်တစ်နေ့မှခေါ်သွားပေးပါလား၊ဒီနေ့ငါ့မှာ တခြားအစီအစဉ်တွေရှိသေးတယ်"
ရိပေါ်က သိပ်မပျော်တော့ပါဘူး၊သူက ရှောင်ကျန့်ကိုအခုပဲ နန်းတော်ဆီခေါ်သွားချင်တာ၊ သူက ရုပ်ဖျက်ထားပေမယ့်ရှောင်ကျန့်ကို နန်းတော်ထဲကရာထူးမြင့်တဲ့သူလို့ပြောထားလို့နန်းတော်ထဲမှာ စိတ်ကြိုက်အမိန့်ပေးလို့ရတယ်။
ရိပေါ်မသိတာကတော့ ရှောင်ကျန့်က နန်းတော်ထဲကကိစ္စတွေနဲ့ဘယ်တော့မှမပတ်သတ်ချင်ဘူး။ ပြီးတော့ရှောင်ကျန့်ကြားဖူးတာတော့ နန်းတော်ထဲဝင်ပြီးရင် ဘယ်တော့မှ အပြင်မထွက်နိုင်တော့ဘူး၊ နောက်ပြီး ဘုရင်ဝမ်က အစေခံတွေကိုလည်း ညှဉ်းပန်းနှိပ်စက်တယ်တဲ့။ အဲ့ဒီ ကောလဟာလများကြောင့် ရှောင်ကျန့်က ဘုရင်ကိုပိုမုန်းတီးသွားကာ နန်းတော်ကို ဘယ်တော့မှမသွားရန် သူ့ကိုယ်သူကတိပေးခဲ့သည်။"မင်း နောက်ပြီဘာလုပ်ချင်သေးလဲ"
လန်ကျန့်မေးသာမေးလိုက်ပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းနေသည်၊ရှောင်ကျန့်ကိုနန်းတော်လိုက်ပို့ချင်တဲ့စိတ်ကြောင့်ပင်။
ရှောင်ကျန့် လန်ကျန့်ရဲ့ညှိုးငယ်နေတဲ့မျက်နှာကို မြင်လိုက်ချင်းမှာ စိတ်ပူသွားရတယ်။ သူ့ကိုစိတ်ဆိုးအောင် တစ်ခုခုလုပ်မိလိုက်မိပြီလားလို့။"လန်ကျန့် ဘာဖြစ်နေတာလဲ၊ မင်းမပျော်ဘူးထင်တယ် ငါ့ကိုစိတ်ဆိုးနေတာလား"
ရှောင်ကန့်က ငိုမဲ့မဲ့ကလေးမေးတော့ ပြာပြာသလဲရှင်းပြလေတယ်၊ချစ်ရသူကို ဝမ်းနည်းစေမယ့် ဘယ်အရာကိုမဆို မလုပ်ချင်ပါ။
"ကျန့်ကျန့် အဲ့လိုမဟုတ်ဘူး၊ ငါက မင်းကိုနန်းတော်ဆီလိုက်ပို့ချင်ရုံပါ ဒါပေမယ့် ပြဿနာမရှိဘူး၊နောက်နေ့မှပေါ့ မင်းမှာတခြားသွားချင်တာရှိတယ်မလား"
YOU ARE READING
I AM A MAN NOT YOUR QUEEN
Fanfictiontranslated with permission I will give full credit to owner of all photos used in this story start 2023.6.8 end