ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းနဲ့အတူ
ရှောင်ကျန် နိုးထလာခဲ့ပါတယ် မျက်လုံး တွေကိုပွတ်သပ်ပြီး ခက်ခက်ခဲခဲဖွင့်လိုက်ရတယ်။ စားသောက်ဆိုင်မှာဖြစ်ခဲ့တာတွေကိုပြန်စဉ်းစားနေတယ်၊သူမှတ်မိတာတော့ အခြားတိုင်းပြည်ကမင်းသားနဲ့ စကားပြောခဲ့တာပဲ သူ့နာမည်ကဘာပါလိမ့်၊ အချိန်အတော်ကြာစဉ်းစားပြီးမှ"အော် ကျန်း..ချန်...ဟုတ်တယ် ကျန်းချန်ပဲ"
"သခင်နိုးပြီလား၊ဘာတွေပြောနေတာလဲ"
ဝမ်နင်က ရေတစ်ခွက်ငှဲ့ပေးရင်း တစ်ယောက်တည်းစကားတွေပြောနေတဲ့ သခင်ကိုမေးလိုက်တယ်
"ဝမ်နင် ငါစားသောက်ဆိုင်ကနေ ဘယ်လိုပြန်ရောက်လာတာလဲ"
ရှောင်ကျန့် အစကမမေးဖို့လုပ်ပေမယ့် ဘယ်လိုမှစဉ်းစားမရလို့သာမေးလိုက်ရသည်
"သခင် စားသောက်ဆိုင်မှာဖြစ်ခဲ့တာကိုရော တကယ်မသိတာတော့လား "
ဝမ်နင် ကြည့်နေပုံက တကယ်ကိုဆိုးရွားတဲ့ အရာတစ်ခုဖြစ်ခဲ့သလိုပဲမို့ နဲနဲစိုးရိမ်စပြုလာတယ်
"လန်ကျန့် ..လန်ကျန့်က ခေါ်လာခဲ့တာ၊ သူက သခင်အိပ်နေတုန်းကအနားမှာ တစ်ချိန်လုံး စောင့်နေခဲ့တယ်"
"တကယ်လား"
ရှောင်ကျန့်ချက်ချင်း အပြင်ကိုအမြန်ထွက်ကြည့်မိတယ်
ပြီတော့မှ ဟုတ်သားပဲလန်ကျန့်က သူ့ကတိကို ဘယ်တော့မှမတည်ဘူးဆိုတာ သတိရသွားပြီး သူ့ခြေလှမ်းတွေရပ်တန့်သွားခဲ့တယ်။သူ့ကို မယုံကြည်သင့်ဘူး၊ငါက သူ့လိုလူကို ယုံဖို့နုံအလွန်းတယ်။"သခင် သူထွက်သွားတာ မကြာသေးဘူး"
ဝမ်နင် ရှောင်ကျန့်ရပ်နေတဲ့နေရာဆီ လျှောက်လာတယ်။ ဒါပေမယ့် ထူးဆန်းတယ် သူ့ခြေထောက်ဒဏ်ရာရနေပုံပဲ၊
"ဝမ်နင် မင်းဘာဖြစ်နေတာလဲ၊ဘာဖြစ်တာလဲ၊ မင်းကိုထိခိုက်အောင်လုပ်တာဘယ်သူလဲ"
ဝမ်နင်းကို စိုးရိမ်တကြီးမေးလိုက်တယ်
အနဲငယ်တုန်ချင်နေတဲ့အသံနဲ့ပေါ့၊ လန်ကျန့်မင်းလုပ်တာတော့ မဟုတ်ဘူးမလား။
![](https://img.wattpad.com/cover/343651580-288-k830787.jpg)
YOU ARE READING
I AM A MAN NOT YOUR QUEEN
Fanfictiontranslated with permission I will give full credit to owner of all photos used in this story start 2023.6.8 end