ရှောင်ကျန့်ရဲ့ဒဏ်ရာတွေ အပြည့်အဝပျောက်ကင်းသွားပါပြီ၊ ဒီနေ့တော့ သူယုံကြည်အားကိုးရတဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ လန်ကျန့်နဲ့သွားတွေ့ဖို့ အရမ်းစိတ်လှုပ်ရှားနေတာ။လန်ကျန့်က တော်ဝင်အစောင့်တစ်ယောက်ဖြစ်တယ်လို့ ပြောတယ်။ နန်းတော်ထဲမှာ အရမ်းတော်တဲ့ ကိုယ်ရံတော်လည်းဖြစ်တယ်။ရှောင်ကျန့် နေမကောင်းဖြစ်နေတုန်းက လန်ကျန့်က နေ့တိုင်းလိုလို သူ့ဆီလာလည်ပြီး ဆေးတွေလည်း သေချာပြင်ဆင်ပေးတယ်။သူသွားလည်ပတ်ဖူးတဲ့ တခြားပြည်နယ်တွေ အကြောင်း ပြောပြတယ်။သူက တကယ့်ကိုဗဟုသုတကြွယ်ဝတဲ့သူပဲ ။ အခုဆို လန်ကျန့်က ရှောင်ကျန့်ဆီကိုမလာတာ နှစ်ပတ်ရှိပြီ ၊ တကယ် သူ့ကိုအရမ်းလွမ်းတယ်၊ နေ့တိုင်း လန်ကျန့်က သူ့ဆီလာလည်မယ်လို့ စောင့်နေတာ။ စကားတွေလည်းအများကြီးပေးတဲ့ သူ့ရဲ့သူငယ်ချင်းလေး။ မနေ့က ပေ့ကျွင့်ကလာပြောသွားတယ် သူမနက်ဖြန်လာလည်မယ်တဲ့။ အာ့ကြောင့်သူ့ကိုတွေဖို့စိတ်လှုက်ရှားနေတာ။
သူကောင်းကောင်းမအိပ်နိုင်သေးဘဲ သူ့ခါးစည်းကြိုးအားလုံးကို အိပ်ရာပေါ်တင်ပြီး ဝမ်နင်ကိုမေးလိုက်တယ်"မင်း ငါ့ကို ဘယ်ဝတ်စုံနဲ့ ကြည့်ကောင်းမယ်ထင်လဲ"
"သခင် ဘယ်ဟာနဲ့မဆို ကြည့်ကောင်းနေလိမ့်မယ်၊ ဒါပေမယ့် အခုလို သခင် အဝတ်အစားအတွက်စိတ်ပူတာ တစ်ခါမှ မမြင်ဖူးဘူး သခင့်ရဲ့ကယ်တင်ရှင်ကို ချစ်မိသွားပြီလား"
ဝမ်နင်လည်းစိတ်ထဲရှိတဲ့အတိုင်းမေးလိုက်တယ်။ ဟုတ်တယ်လေ သခင်က လန်ကျန့်နဲ့ရှိနေရင်အရမ်းပျော်ရွှင်နေတယ် ပြီးတော့သူ့မျက်လုံးတွေက အရင်လိုမှိုင်းညို့မနေဘဲ ကြည်လင်နေတယ်။ သခင့်ကိုဒီလိုအပြုံးမျိုး ဖြစ်အောင်ဖန်တီးပေးနိုင်တဲ့လန်ကျန့်ကိုလည်းကျေးဇူးတင်ပါတယ်
"ဒီလိုစကားတွေ မပြောပါနဲ့၊ မင်းက ငယ်သေးတယ် လန်ကျန့်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ကယ်တင်ရှင်ဆိုလည်းမမှားဘူး ငါကသူ့ကို ကျေးဇူးတင်ရမယ်၊ ငါ အပြည့်အဝ ပြန်ကောင်းလာပြီမို့ မနက်ဖြန် ငါကြည့်ကောင်းနေဖို့လိုတယ်မလား"
![](https://img.wattpad.com/cover/343651580-288-k830787.jpg)
YOU ARE READING
I AM A MAN NOT YOUR QUEEN
Fanfictiontranslated with permission I will give full credit to owner of all photos used in this story start 2023.6.8 end