ဘုရင်ဝမ်က အသက်ငယ်ပေမယ့်တိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာမှာအလွန်းစည်းစနစ်ကျတယ် နိုင်ငံတော်ရေးရာ၊ အိမ်နီးချင်းပြည်နယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေနဲ့ သူ့ရဲ့ အဖိုးတန် ချီပြည်နယ်ရဲ့ကိစ္စတွေကိုအလေးအနက်ထားတယ်။နိုင်ငံအတော်များများကို သိမ်းပိုက်ထားပြီး၊ သူ့ရဲ့စစ် နည်းဗျူဟာတွေကတစ်ခါမှ မကျရှုံးဖူးဘူး။
ပြည်နယ်အတော်များများကိုလည်းသိမ်းပိုက်နိုင်ခဲ့တယ်၊ ဒါ့ကြောင့် ဒီဘုရင်ငယ်ကို ပစ်ချရဖို့စိတ်ကူးရှိတဲ့ အခြားပြည်နယ်ငယ်များမှဘုရင်တွေရဲ့ အတွေးအခေါ်များကို ချက်ချင်းပြောင်းလဲစေခဲ့သည်။ ချီပြည်နယ်ကြီးနှင့်ငြိမ်းချမ်းရေးအတွက် တိုင်းပြည်အသီးသီးက မင်းသမီးတွေပို့ဆောင်ခဲ့တယ်။
ဘုရင်ဝမ်ရဲ့အမတ်ကြီးတွေက အဲဒီ မောင်းမမိဿံတွေထဲက ဧကရီကိုရွေးမယ်လို့ထင်ခဲ့ကြပေမယ့် ဧကရီရွေးချယ်ဖို့အကြံဥာဏ်ပေးတိုင်း အဲ့ဒီအမတ်ကို ချက်ချင်းပယ်ချခဲ့တယ်၊ အမတ်တွေကိုလည်း ထိုကိစ္စနှင့် ပတ်သက်၍ နောက်တစ်ကြိမ် ထပ်မပြောစေလိုခဲ့ပါ။ဒီကိစ္စကိုသူကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မည်သာဖြစ်သည်။
"အမတ်ချုပ်ကျင်း မင်းရဲ့ဇနီးနှစ်ပတ်လည်နေ့ကြောင့် ဒီနေ့ဒီကိုလာတာ ၊ သူမဟာ အရမ်းကို တင့်တယ်ပြီး ကျက်သရေရှိပြီး လူအများရဲ့ အထင်ကြီးခြင်းကို ခံခဲ့တယ်လို့ကြားတယ်၊ "
"မခံယူဝံ့ပါဘူး အရှင်မင်းကြီး"
"ဒါပေမယ့် ဒီနေ့ကျုပ်လာတာက ဧကရီရွေးချယ်မှုအကြောင်း တိုင်ပင်ချင်လို့" ဘုရင်ဝမ်က ရှောင်ကျန့်ကို တိုက်ရိုက်ကြည့်ရင်း ပြောတယ်။
ရှောင်ကျန့်ကတော့ခေါင်းသာငုံ့နေကာ လက်ချောင်းတွေကိုသာဆော့နေတယ် ။ချထားတဲ့ အစားအသောက်တွေကနေ ဘာမှ မထိဘူး။
ဧကရီရွေးချယ်မယ့်အကြောင်းပြောတော့ အမတ်ချုပ်အပါအဝင်သူ့အစောင့်တွေအကုန်ဒူးထောက်လိုက်ကြတယ်။ဧကရီအကြောင်း ပြောတဲ့သူ ဘယ်သူမဆို ဘုရင်ဝမ်က ချီတိုင်းပြည်ကနေ ပြည်နှင်ဒဏ်ပေးတတ်တာကြောင့်ပင်။
YOU ARE READING
I AM A MAN NOT YOUR QUEEN
Fanfictiontranslated with permission I will give full credit to owner of all photos used in this story start 2023.6.8 end