အချိန်အားဖြင့် မနက်၃နာရီခွဲ..........
သားအဖနှစ်ယောက်သား ဧည့်ခန်းတွင်မျက်နှာချင်းဆိုင်ကာထိုင်နေကြလေသည်။
ဖေက ခြေချိတ်ကာထိုင်နေလေသည်။ ထို့နောက် လက်တစ်ဖက်အား လက်ရန်းတစ်ဖက်တွင်တင်ထားကာ နားထင်အားထောက်ထားပြီး၊ ကျန်လက်တစ်ဖက်က ချိတ်ထားသော ခြေပေါ်တွင်တင်ထားလေကာ မျက်လုံးတို့အားပိတ်ထားလေသည်။ယနေ့ ကဏ္ဍ တို့အောင်စာရင်းထွက်သည့်နေ့ပင်ဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား ကောင်းကောင်းအိပ်မပျော်ကြ။
မနက်၂နာရီ လောက်တွင် ကဏ္ဍ အိပ်မပျော်သေးသဖြင့် အောက်ထပ်သို့ဆင်းလာရာ ဧည့်ခန်းတွင်ထိုင်နေသောဖေ့အားတွေ့လေသည်။ကဏ္ဍ ကလည်း ဆိုဖာတွင်ထိုင်ကာ လက်နှစ်ဖက်အား ဒူးပေါ်တင်ရင်း အချင်းချင်းဆုပ်ကိုင်ထားကြလေသည်။
အောင်မည် ဟု သူ့ကိုယ်သူ အသေအချာ သိနေပါသော်လည်း သူ့ဘဝကိုအဆုံးအဖြတ်ပေးမည့် အရာက အောင်စာရင်းစာရွက်ပေါ်တွင်ပါမည့် သူ့နာမည်နောက်ရှိ ရထားတွဲလေးများသာ။
သူဖြစ်ချင်တာဖြစ်ခွင့်ရှိနိုင်ပါ့မလား။ သူမှန်းထားတဲ့အတိုင်း မဖြစ်ခဲ့ရင်ရော်။ဟူး!!!!
ကဏ္ဍ လေပူများသာ မှုတ်ထုတ်မိတော့သည်။
ထိုအခါမှ ဖေ ၏ မှေးထားသည့်မျက်လုံးများပွင့်လာကာ ကဏ္ဍ အားကြည့်ရင်း စကားဆိုလာလေသည်။"အဲ့လောက်ကြီး ကိုယ့်ကိုယ်ကို pressure မပေးနဲ့သားငယ်။ သားအကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲ။ အဲ့လောက်ကြီးစိတ်မလှုပ်ရှားနဲ့။ စိတ်ကိုအေးအေးထားနော်"
ကဏ္ဍ လေးပင်စွာပင် ခေါင်းညှိတ်ပြလိုက်လေသည်။
ti
ထိုစဉ် နှစ်ယောက်လုံး၏အကြည့်တို့က အသံမြည်လာသော စားပွဲပေါ်မှ ဖေ့ဖုန်းဆီသို့...
ဖေ့က ဖုန်းအားလှမ်းယူကာ ပြန်ဖြေလိုက်လေသည်။
"Hello..ကိုအောင်မြင်"
"........"
ကဏ္ဍ တို့၏ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနာမည်ကိုကြားတော့ ခေါင်းမော့ကာဖေ့ကိုကြည့်လိုက်လေသည်။
YOU ARE READING
ဘဝခြားနေတဲ့ချစ်ရသူ
Horrorအစွဲအလမ်းကြီးကာ အမုန်းတရားများနှင့်မကျွတ်လွတ်နိုင်သေးသော ဝိဥာဥ်ကောင်လေး..... ထိုဝိဥာဥ်ကောင်းလေးအား ချစ်မိသွားသော လူသားတစ်ယောက်...... . . ဒီficလေးက မတူညီတဲ့ ဘဝတွေကိုရေးထားတဲ့အတွက်ကြောင့် တကယ့်လက်တွေ့ရဲ့ကိုက်ညီမှုက အလွန်နည်းပါးပါမယ်နော်။ ဝိဥာဥ်နဲ့လူသာ...