အလင်းရောင်မှိန်ပြပြသာရှိသော အခန်းအတွင်းတွင်
စီးကရက်နှင့်၊အရက်နံတို့က ထောင်းထောင်းထလျက်။
sofaပေါ်တွင် ခြေပျက်လက်ပျက် ထိုင်နေခဲ့သည်က
လွန်ခဲ့သော ၆ရက်ကတည်းက။
၁ပါတ်ပြည့်တော့မည်။လက်ထဲမှ သောက်လက်စ စီးကရက်အား ဆေးလိပ်ပြာခွက်ထဲသို့ထိုးခြေလိုက်သည်။
တောက်စ်!!
သူပြင်းထန်စွာ တောက်.ခေါက်မိသည်။ ၆ရက်ရှိပြီ။
ချစ်ရသူကိုမတွေ့ရသည်မှာ ၆ရက်ရှိပြီ။
သူ့ဆီကပြန်သွားသည့်နေ့ကတည်းက အိမ်ကိုလိုက်သွားလဲ
ဆင်းမတွေ့သလို၊ ဖုန်းဆက်တော့လဲ တမင်စက်ပိတ်ထားသည်။
ကိုယ့်ဘက်က ဘယ်လိုမှ
မထိန်းချုပ်နိုင်တော့လို့သာဖွင့်ပြောခဲ့တာ။
ရင်ခုန်သံတွေကိုဘယ်လိုမှ
မတားဆီးနိုင်တော့လို့ ဖွင့်ချပြခဲ့တာ။
သည်ကလေးလေးရှေ့မှာလေ....ထိုနေ့မှစ ပိုသေချာသွားသည်က ထိုကလေးလေးကိုလက်လွှတ်မခံနိုင်တော့။
စသိကတည်းက ချစ်လွန်းလို့အရိပ်တကြည့်ကြည့် နဲ့နေခဲ့တာ။
သူရှိနေတဲ့စံအိမ်ကို အကြောင်းမရှိအကြောင်းရှာသွားနေတာက
အားနေလွန်းလို့မှမဟုတ်ပဲ။ မမ.တို့အိမ်မှာမရှိချိန် တမင်ရွေးလာပြီးထိုရက်တွေအတွင်း ကလေးလေးနားမှာပဲ တချိန်လုံးကပ်တွယ်နေခဲ့တာက သူ့ကိုဒီလိုပစ်ထားဖို့မှမဟုတ်တာ။မဖြစ်နိုင်မှန်းသိရက်နဲ့၊ ကိုယ်ဟာသူနဲ့မတန်မှန်းသိရက်နဲ့
ရှေ့ဆက်တိုးနေတာ သူတရားရဲ့လား။ကိုယ်ဟာ သူနဲ့ဘာမှမသက်ဆိုင်သေးတာတောင် ရင်ခုန်စွာဖြစ်တည်ခဲ့တဲ့ အနမ်းတစ်ပွင့်နဲ့ ကိုယ့်အပိုင်လို့
တွေးလိုက်မိတာ အရမ်းများလွန်လွန်းသွားလား။
အဲ့တာဆိုရင်........
စိတ်ချ....
နေဝင်ရီ ဆိုတဲ့ဒီကကောင်က...
ဒီထက်ပိုပြီးလွန်အုံးမှာမို့......
........................................သူsofaပေါ်မှထလာခဲ့ပြီး အိပ်ခန်းဘက်သို့လျှောက်လာခဲ့သည်။
အခန်းတံခါးကိုဖွင့်လျက်သားနှင့် ပြန်မပိတ်တော့ပဲ ကုတင်ပေါ်တွင်ဝင်ထိုင်ရင်း အခန်းတွင်းသို့ဝေ့ဝိုက်ကြည့်လိုက်သည်။အရက်ရှိန်ကြောင့် ရီဝေနေသောမျက်လုံးများမှ ထွက်ပေါ်လာသည့်မြတ်နိုးခြင်း အရိပ်အရောင်များ။
စီးကရက်အသောက်များ၍ အညိုရောင်သမ်းနေသော နှုတ်ခမ်းများမှ ပေါ်ပေါ်လာသည့် ကြည်နူးခြင်းအပြုံး။
ရင်ဘတ်ထဲရှိနှလုံးသားတစ်စုံမှ အလိုအလျောက်
တုံ့ပြန်လာသော ချစ်ခြင်းတရား။
တဆက်တည်းမှာပင်...
သူ့အခန်းတွင်းအပြည့်နေရာယူထားသည်က
လွန်ခဲ့သော ၁၅နှစ်မှ ယခုအချိန်အထိ အရွယ်စုံဖြစ်သော
ကလေးလေး၏ ပုံတူပန်းချီကားများ။
YOU ARE READING
ဘဝခြားနေတဲ့ချစ်ရသူ
Horrorအစွဲအလမ်းကြီးကာ အမုန်းတရားများနှင့်မကျွတ်လွတ်နိုင်သေးသော ဝိဥာဥ်ကောင်လေး..... ထိုဝိဥာဥ်ကောင်းလေးအား ချစ်မိသွားသော လူသားတစ်ယောက်...... . . ဒီficလေးက မတူညီတဲ့ ဘဝတွေကိုရေးထားတဲ့အတွက်ကြောင့် တကယ့်လက်တွေ့ရဲ့ကိုက်ညီမှုက အလွန်နည်းပါးပါမယ်နော်။ ဝိဥာဥ်နဲ့လူသာ...