Flashback start.........
.
.
.
နွရောသီကုန်ဆုံးတော့မည် ဖြစ်၍ ရာသီဥတုကအလွန်ပင်သာယာလှသည်။
အရောင်အသွေးစုံလင်စွာပွင့်နေသော ပန်းပွင့်များပေါ်တွင် နားခိုနေသော လိပ်ပြာငယ်တို့ကြောင့် မြင်ရသည့်မြင်ကွင်းတို့မှာ ပန်းချီကားတစ်ချပ်သဖွယ်ပင်။ဖျတ်..ဖျတ်
ရုတ်တရက်ဆိုသလို အဖြူရောင်နှင်းဆီပန်းလေးတစ်ပွင့်ပေါ်တွင် နားခိုနေသောလိပ်ပြာလေး ပျံတက်သွားကာ ဖြူသွယ်သွယ်လက်ညှိုးလေးတစ်ချောင်းပေါ်တွင် ပြောင်းကာနားခိုလိုက်သည်။
ထိုမြင်ကွင်းကြောင့် လှပသောနှုတ်ခမ်းတစ်စုံကျေနပ်ဟန်ဖြင့်တွန့်ကွေးသွားလေသည်။
ထိုလိပ်ပြာလေးကိုကြည့်နေသော ကြည်တောက်တောက်မျက်ဝန်းတစ်စုံတို့သည်လည်း ဝိုင်းစက်ကာ လပြည့်ညမှဖိုးလမင်းလေးသဖွယ်ပင်။
ထိုမျက်ဂန်းလေးအပေါ်တွင်ဝဲကျနေသည့် ဆံနွယ်၊ဆံစတို့ကလည်း ပိုးသားသဖွယ်နူးညံ့အိစက်လှသည်။"မုန်း!!."
အိမ်ကြီးဖက်မှခေါ်သံကြောင့် သေးသွယ်သောခန္ဓာကိုယ်လေးကအနည်းငယ်တုန်သွားသဖြင့် သူ၏လက်သွယ်သွယ်တွင်နားခိုနေသောလိပ်ပြာငယ်လေးသည်လည်း ပျံသန်းသွားလေသည်။ ဝိုင်းစက်လှပသောမျက်ဝန်းတစ်စုံသည် စံအိမ်ကြီးရှိရာသို့ လှည့်ကာဝင့်ကြည့်လိုက်သည်။
"မိုးအဂ္ဂမုန်း! !!"
နှင်းဆီပင်လေးနားတွင်ထိုင်နေသော ဖြူလွှလွှပုံရိပ်လေးသည် ဒေါသတကြီးခေါ်သံအဆုံး အမြန်ထပြေးလေသည်။
မပြေးလို့လဲမရဘူးလေ.....
နောက်ခေါ်သံတစ်ခုသာထပ်ထွက်လာကြည့်ပါလား။
မေမေလေးအရှေ့ရောက်တာနဲ့ မုန်းရဲ့ နားရွက်ကအကောင်းအတိုင်းရှိနေမယ်လို့ မပြောနိုင်တော့ဘူး။
လက်သည်းရာပြည့်နေတဲ့ နားရွက်လေးမှာ နောက်ထက်အရာတစ်ခုထပ်မတိုးဖို့ဆိုရင် မေမေလေးစိတ်ကြိုက်လိုက်နေပေးရမှာဖြစ်သည်။မုန်းကခုနက စံအိမ်ကြီး၏ အနောက်ဖက်ရှိအစေခံတို့၏ အိမ်လေးတို့နားတွင်ရှိနေတာဖြစ်သည်။ သူရှိနေသည့်နေရာနှင့်စံအိမ်ကအလှမ်းဝေးသဖြင့် အနည်းငယ်အားစိုက်ကာပြေးသွားလိုက်ရသည်။
ခြေချောင်းဖြူဖြူလေးသည်လည်း ခလုတ်တိုက်မိသဖြင့် သွေးစတို့ကပျံ့ကျဲနေသည်။ သို့သော်သူသတိမထားမိ အိမ်ကြီးဆီသို့ရောက်ရန်သာအာရုံထဲတွင်ရှိသည်။
စံအိမ်ကြီး၏နောက်ဖေးအပေါက်သို့ရောက်သောအခါ အနီရောက်ကိုယ်ကြပ်အင်္ကျီအားဝတ်ထားကာ အလှပြင်ထားသော ဒေါ်ဧကရီကိုတွေ့လိုက်ရသည်။ သူမ၏မျက်လုံးများက အနောက်ဖက်ပန်းခြံတစ်ဝိုက်နေရာစုံတွင်ဖြန့်ကျတ်လျက်။
ကြည့်ရတာ မုန်းကိုရှာနေပုံပေါ်သည်။
YOU ARE READING
ဘဝခြားနေတဲ့ချစ်ရသူ
Horrorအစွဲအလမ်းကြီးကာ အမုန်းတရားများနှင့်မကျွတ်လွတ်နိုင်သေးသော ဝိဥာဥ်ကောင်လေး..... ထိုဝိဥာဥ်ကောင်းလေးအား ချစ်မိသွားသော လူသားတစ်ယောက်...... . . ဒီficလေးက မတူညီတဲ့ ဘဝတွေကိုရေးထားတဲ့အတွက်ကြောင့် တကယ့်လက်တွေ့ရဲ့ကိုက်ညီမှုက အလွန်နည်းပါးပါမယ်နော်။ ဝိဥာဥ်နဲ့လူသာ...