"သခင်လေးရေ!!!"မုန်း ဘုရားပန်းလဲပြီးအိမ်အောက်ထပ်သို့ဆင်းလာစဉ် အစဉ်အလာမပြတ်ကြားလိုက်ရသည်က Sun၏ အသံစာစာပင်ဖြစ်သည်။
မျက်နှာချင်းဆိုင်နံရံရှိ တိုင်ကပ်နာရီအား လှမ်းကြည့်လိုက်တော့ မနက်၇နာရီသာရှိသေးသဖြင့် မုန်းမျက်ခုံးတို့အားတွန့်ချိုးမိသည်။ဒီလူ.. ဒီလောက်အစောကြီးကို!!
"သခင်လေး....... ကိုယ်လာပြီ...သခင်!"
လက်နှစ်ဖက်လုံး အထုတ်တွေအပြည့်ဆွဲသယ်လာသည့် Sunက လှေခါး တွင်ရပ်နေသော မုန်းအားအခုမှမြင်သွားဟန်။ မုန်းလဲ မနက်စောစောစီးစီးသူများအိမ်ထဲသို့ အော်ဟစ်ကာဝင်လာသော Sunအားစိတ်မရှည်စွာ ပြန်ပြောလိုက်သည်။
"ဟေ့လူ..စွတ်အော်မနေနဲ့"
မုန်းက မျက်ခုံးများတွန့်ချိုးထားသော်ငြား မုန်းရှေ့တွင်ရပ်နေသူက ပြုံးပြုံးကြီးနှင့် အလွန်ဝမ်းသာနေဟန်။
"အော်...သခင်လေးက နိုးနေပြီလား။ ကိုယ်ကမနိုးသေးဘူးထင်နေတာ။"
"ခင်ဗျားရဲ့ ၇အိမကြှား ၈အိမ်ကြားအသံကြောင့် ဘယ်သူကများဆက်အိပ်နေနိုင်ပါ့မလဲစဉ်းစားပြောလေ"
"အော်....ဟီး.... အဲ့လောက်ကျယ်သွားလား။ ကြည့်ပါအုံး. အဲ့တာကြောင့် သခင်လေးရဲ့မျက်နှာလေးက အလိုမကျဖြစ်နေတာပေါ့ဟုတ်လား။ ကဲလာပါကြာ... မနက်စာသွားစားကြမယ်နော်။ ကိုယ်ရှမ်းခေါက်ဆွဲဝယ်လာတယ်"
လက်နှစ်ဘက်လုံးတွင်ကိုင်ထားသော အထုပ်များအားစုပေါင်းကိုင်လိုက်ပြီး မုန်း၏ ပုခုံးအားဖက္ကာ ထမင်းစားခန်းသို့ဆွဲခေါ်လာလေသည်။
"ကဲ ခနထိုင်အုန်း။ ကိုယ် သွားထည့်ပေးမယ်နော်၊ ခနစောင့်"
"ရပါတယ်။ ကျွန်တော်ပဲသွား!"
"ကဲ...သခင်လေးကလဲ..ပြောစကားနားမထောင်ဘူး၊ ထိုင်နေနော်၊ ခနလေးပဲစောင့်...ok!"
မျက်လုံးလေးတစ်ဖက်မှိတ်ပြပြီး ၊ ပါးချိုင့်လေးခွက်ဝင်အောင်ပြုံး၍ ပြောသွားသူအား မုန်းခေါင်းငြိမ့်ပြမိသည်လားသေချာမသိ။
ခနအကြာတွင်မုန်းရှေ့သို့ သူကိုယ်တိုင်လှယ်ထည့်ထားသော ရှမ်းခေါက်ဆွဲတစ်ပွဲက ရောက်လာလေသည်။
YOU ARE READING
ဘဝခြားနေတဲ့ချစ်ရသူ
Horrorအစွဲအလမ်းကြီးကာ အမုန်းတရားများနှင့်မကျွတ်လွတ်နိုင်သေးသော ဝိဥာဥ်ကောင်လေး..... ထိုဝိဥာဥ်ကောင်းလေးအား ချစ်မိသွားသော လူသားတစ်ယောက်...... . . ဒီficလေးက မတူညီတဲ့ ဘဝတွေကိုရေးထားတဲ့အတွက်ကြောင့် တကယ့်လက်တွေ့ရဲ့ကိုက်ညီမှုက အလွန်နည်းပါးပါမယ်နော်။ ဝိဥာဥ်နဲ့လူသာ...