(11) .......Z

38 0 5
                                    

ဖေဖေတို့က အလုပ်ကိစ္စမပြီးပြတ်သေး၍
နောက် ၁ပါတ်လောက်နေရဦးမည်
ဟုဆိုသည်။
နေ့ရက်တိုင်းဟာ ပုံမှန်လိုပါပဲ။
မုန်းမနက်ဆိုအိပ်ယာထ
ပြင်ဆင်ပြီးကျောင်းသွား။
ကျောင်းမှပြန်လာသည်နှင့်
အိမ်သန့်ရှင်းရေးလေးလုပ်၊
ရေမိုးချိုး။ စာကြည့်နှင့် ပုံမှန်လည်ပတ်နေသည်။ မေမေလေးမရှိသဖြင့်
အိပ်အလုပ်လုပ်စရာမလိုသော်လည်း။ မေမေလေးလေ့ကျင့်ပေးထားသဖြင့် မုန်းတစ်ယောက်အကျင့်ပါနေပြီဖြစ်သည်။
နေရက်တိုင်း ထိုပုံအတိုင်းကုန်ဆုံးမိသည်။

အင်း!!!တစ်ယောက်သောသူနှင့်အတူပေါ့.....

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်သဖြင့်
အိမ်တွင်အေးဆေးနားရန် ကြံရွယ်ထားပါသော်လည်း အမောင်Sunက အိမ်တွင် ထမင်းထမင်းဖိတ်ကျွေးရန်ပူဆာထားပါသဖြင့် မုန်းတစ်ယောက် အငြိမ်မနေရပြန်။

ဘယ့်နှယ်!!အိမ်ရှင်က ဧည့်သည်ကို ထမင်းစားဖိတ်တယ်ပဲကားဖူးပါတယ်....

ဧည့်သည်က ခေါ်ခိုင်းတယ်လို့ ကြားကြားဖူးပေါင်....

ti taung

မုန်း တွေးနေရင်း ဧည့်သည်တော်ကြီး
ရောက်လာပြီထင်။ ခြံပြင်မှ ဘဲလ်တီးသံက ဧည့်ခန်းထဲတွင်တပ်ဆင်ထားသဖြင့် မုန်းကြားရခြင်းဖြစ်သည်။
မုန်း ထမင်းစားခန်းတွင် ကြက်သားများလှီးနေရာမှ လက်အမြန်ဆေးကာ အပြင်ပြေးထွက်ရန်ကြံစဉ် ခြံရှေ့သို့ပြေးသွားသော ကောင်လေးတစ်ယောက်ကိုတွေ့သဖြင့် မုန်း မီးဖိုခန်းသို့ပြန်ဝင်ကာ လုပ်လက်စကိုသာ ဆက်လုပ်နေလိုက်သည်။
ထိုစဉ်.......

"မုန်းးးးးလေးးးးးးးရေ"

ေခါ်သံကြောင့် မုန်း မျက်ခုံးနှစ်ဖက်ကြုံ့မိသည်။
ဘယ့်နှယ့်ဧည့်သည်??
သူများအိမ်မှာ အတင်း ထမင်းဖိတ်ကြွေးခိုင်းပြီး လာပြန်တော့လည်း ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအော်ဟစ်လာသေးသည်။

တကယ်ပါ!!!နေဝင်ရီ ဆိုတဲ့ မုန်း၏ ဧည့်သည်ဟာ အိမ်မှ ရိုက်ထုတ်ချင်စရာကောင်းလောက်အောင် ဧည့်ဝတ်ကျေချင်စရာကောင်းသည့် ဧည့်သည်တော်ပင်ဖြစ်သည်။

လေအလျင်နှင့်ပင် ဘယ်လိုလာလိုက်သည်မသိ။
မုန်း အတွေးတို့မဆုံးခင် ထိုလူက မုန်းအနားသို့ရောက်နေပြီဖြစ်သည်။

ဘဝခြားနေတဲ့ချစ်ရသူWhere stories live. Discover now