SUN { 43 }

1.1K 65 20
                                    

ဖြူဖြူနုနုနှင့်
တောင့်တောင့်ဖြောင့်ဖြောင့်
လူချောလေးက မြင်ကွင်း ရှေ့၌။

အဝတ်ကို ချွတ်ပြီး
လူကို ကြွေချင်လာအောင်
အပြတ် မြူဆွယ်နေသည်။

အသည်းကို လာကျီစားသည့် မြေခွေးနီနှင့် တူသည့် ကောင်ချောလေးကို နေသူရိန်မင်းခန့် မျက်စ ပစ်ပြလိုက်သည်။ တစ်ဆက်တည်း ဆံစနုနုလေးတွေကိုပါ သပ်ပေးလိုက်၏။ ချစ်ဇနီးလေး ဝေယံ့ အရှေ့မှာပဲ ဖြစ်သည်။ လူချောလေးနှင့် နှစ်ယောက်တည်း တစ်ကမ္ဘာ တည်နေသော ထိုဖြစ်အင်ကို ဝေယံက စိတ်ညစ်သွားသည့် မျက်လုံးများနှင့် အကြောင်သား ငေးကြည့်နေ၏။ နောက်ဆုံးတော့ ဝေယံ သည်းမခံနိုင်တော့ပေ။

"တော်ရုံပဲ ကြည့်ကွယ် အချစ်ရယ်၊ တော်ကြာ လူကြီးပါ မှန်ထဲ ဝင်သွားဦးမယ်"

"အဟား . . ကိုယ့်ကိုယ်ကိုယ် ကြွေနေတော့ ဘယ့်နှယ် လုပ်ရမလဲ"

နေသူရိန်မင်းခန့် ဆံပင်ကို သပ်ပြီး တဟားဟား ရယ်သည်။ ဗီရိုထဲက လူငယ်ဆန်ဆန် ပန်းနုရောင် ရှပ်ပါးလေးကို သူ ကောက်ရွေးပြီး ပေါ့ပါးစွာ သူ ဝတ်ဆင်သည်။ ဘောင်းဘီရှည်က အင်္ကျီနှင့် လိုက်ဖက်သော ပြောင်ချောချော စတိုင်လ်ပန် အဖြူ . . ။ တစ်ကိုယ်လုံး ခြုံကြည့်ရသော် စင်ပေါ် မိုက်ခဲ တက်ဟဲတော့မည့် ကမ္ဘာကျော် အိုင်ဒေါလ် တစ်ယောက်အတိုင်း ကြည့်ကောင်း မိမိုက်နေ၏။

"မဟုတ်တောင် ဒီလူချောက တိုကျိုကို သွားရမှာ ဆိုတော့ ပါဝါ မကျအောင် ရူပကို သရမှာပေါ့"

"အင်းပါကွာ၊ ပြောပါဦး၊ ဒီတစ်ခါ အလုပ်ခရီးကရော ဘယ်နှရက်လောက် ကြာမလဲ"

"အနည်းဆုံး သုံးရက်၊ အလွန်ဆုံး တစ်ပတ်ပေါ့လေ"

နေသူရိန်မင်းခန့် တွေးဆဆ ဖြေသည်။

ဟန်းနီးမွန်းက ပြန်ရောက်ရောက်ချင်း ပြဿနာ အကြီးကြီး တစ်ခု ရုတ်တရက် ပေါ်လာ၏။ တိုကျိုမှာ အခြေစိုက်သည့် Nay Yang ဖောင်ဒေးရှင်းမှာ ငွေကြး အကျပ်အတည်း တချို့ ဖြစ်ပွားနေတာပဲ ဖြစ်သည်။ ပြဿနာ အသေးစိတ်ကိုတော့ နေသူရိန်မင်းခန့် သေချာ မသိသေး။ တိုကျို ရောက်မှသာ သေချာလေး စုံစမ်း စစ်ဆေးရမှာ ဖြစ်သည်။

SUN { Season 2 }Where stories live. Discover now