Hello guys အခုကိုယ်ထပ်မံပြီးဖန်တီးမဲ့ဟာလေးကသိပ်ကို ကိုယ်မျှော်လင့်ထားတဲ့အရာလေးတစ်ခုပါ။အရေးအသားလဲကောင်းအောင်လုပ်ထားသလို အချို အခါး ဇာတ်လမ်းအမြင့်အနိမ့်ကအစအနုစိတ်လေးပုံဖော်ချင်ပါတယ်။
ပြီးတော့ ကိုယ်ပြောခဲ့သလိုဘဲကြမ်းမယ်ဆိုတာကလဲ semeကဂျစ်ကန်ကန်နဲ့အဆိုးလေးကိုပြောတာပါနော် ဘာတွေမျှော်လင့်။စတာပါ အမှောင်ခန်းလေးကတော့ပါသင့်သလောက်ကတော့ပါမှာပါမပူပါနဲ့။အသက်ကလဲငယ်သေးပြီးတော့ရေးလဲမရေးတတ်တာကြောင့်အဆင်မပြေတာတွေရှိရင်နားလည်ပေးပါ။အမှန်အတိုင်းပြောရမယ်ဆိုဒီလိုtypeမျိုးကအခုမှထိတွေ့ဖူးတာမို့အရေးအသားမတတ်တာတွေရှိပါမယ်နော်။
ပြီးတော့ဇာတ်တစ်ခုကိုအခြေတကျမြှုပ်ထားတာမို့သေချာလေးဖတ်ပေးဖို့တောင်းဆိုပါတယ်နော်။
အဲ့တော့ဒါဒါတို့ရဲ့တာဝန်ကဖတ်ပေးပါ လိုအပ်ချက်တွေပြောပေးပါ။ပြီးတော့ရေးနေစဥ်အတွင်းတစ်စုံတစ်ရာဖြင့်တိုက်ညိမှု့ရှိခဲ့ရင်ချက်ချင်းလာပြောပေးပါ ကိုယ့်ideaနဲ့ကိုယ်ရေးတာဆိုပေမဲ့ တိုက်ဆိုင်မှု့မရှိလာနိုင်ဖူးလို့ဘယ်သူမှမပြောနိုင်ပါဘူး။အဲ့တော့ကိုယ်ကပွင့်လင်းတဲ့လူမို့ကိုယ့်အပေါ်ပွင့်လင်းတာဘဲသဘောကျပါတယ်။
ဇာတ်လမ်းအကျဥ်း -
နိုင်ငံရဲ့ပထမဆုံးချမ်းသာမှု့စရင်းရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ဗဟိိုလုပ်ငန်းစု။ဗဟိုလုပ်ငန်းစုလို့ပြောလိုက်တာနဲ့လူတိုင်းကမသိသူမရှိ အဲ့လိုဘဲဗဟိုလုပ်ငန်းစုရဲ့ဆက်ခံသူသခင်လေး Grate Chan ခေါ် မင်းဗဟိုစံချိန်ဆိုသူကိုလဲမသိသူမရှိပါဘူး။
ဖခင်ဆုံးသွားပြီးကတည်းကဆိုးသွမ်းလာတဲ့ဒီကောင်လေးကတစ်နေ့တစ်နေ့ပျော်ပါးလိုက်မိခင်နဲ့အတူအချိန်ဖြုန်းလိုက်လုပ်နေတဲ့သူ့ဘဝကြီးထဲကိုအူကြောင်ကြောင်နဲ့တောကတက်လာတဲ့မိခင်ဖြစ်သူသူငယ်ချင်းရဲ့သားဟာဖြုန်းစားကြီးရောက်လာချိန်။
မိခင်ဖြစ်သူနဲ့မိခင်ဖြစ်သူရဲ့သူငယ်ချင်းကြားက လက်ထပ်ရမယ်ဆိုတဲ့ကတိသစ္စာ ဘောင်ထဲကိုဗဟိုနဲ့တောသားလေးကမ်းရိုးတန်းရောက်သွားချိန်မှာဘယ်လိုတွေဖြစ်သွားမလဲ။ဗဟိုကကောတောသားလေးကိုချစ်လာမှာလား..ဒါမှမဟုတ်ငြင်းဆန်သွားမှာလားဆိုတာကိုအသဲတယားယားနဲ့ဖတ်ရမဲ့ficလေးတစ်ပုဒ်ပါ။မြှုပ်ဇာတ်တစ်ခုကိုလဲထည့်ချင်တာကြောင့်အကောင်းဆုံးဖြသ်အောင်ကြိုးစားပေးပါ့မယ်။
