35
"မစ္စတာလျန့် ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းဆောင်ရွက်ပေးပါ"
လျန့်ရမ်မှာ တစ်ဖက်လူ၏အမေးကို ရိုးသားဖြူစင်စွာရင်ဆိုင်ရင်း စစ်ဆေးမေးမြန်းခန်းထဲ၌ တည်ငြိမ်စွာ ထိုင်နေခဲ့ပါ၏။
"ဖုန်းဖန်မတော်တဆမှုတစ်ခုဖြစ်နေပြီး ရှာလို့မတွေ့ဘူးလို့ ကျွန်တော့်ချစ်သူက ကျွန်တော့်ဆီဖုန်းဆက်လာခဲ့တယ်လေ ဒါကြောင့် ကျွန်တော်အဲ့နေရာကို ကားမောင်းသွားခဲ့တာ ဖုန်းဖန်ထွက်ပြေးလာနိုင်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့မိဘူး အဲ့ဒီအစား ကျွန်တော့်ချစ်သူကအဖမ်းခံရပြီး အရိုက်ခံနေခဲ့ရတာ ကြံရာမရထင်ရာစိုင်းနေမိတဲ့အခိုက်အတန့်မှာ ကျွန်တော့်pheromoneတွေက ပေါက်ကွဲထွက်လာခဲ့တာပါ....လူပုံအလယ်မှာ ကျွန်တော့်ရဲ့ထိန်းချုပ်မှုကို လွတ်ထွက်သွားမိတဲ့အတွက် တောင်းပန်ပါတယ် သက်ဆိုင်ရာကြေအေးငွေပေးဖို့ ကျေကျေနပ်နပ်ကိုလက်ခံပါတယ်"
လျန့်ရမ်၏ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်ရှေ့နေအဖွဲ့၏ပံ့ပိုးကူညီမှုကြောင့် စစ်ဆေးမေးမြန်းခြင်းကဏ္ဍက ချောချောမွေ့မွေနှင့်မဆိုင်းမတွ ပြီးဆုံးသွားခဲ့လေသည်။
"မင်းအဆင်ပြေရဲ့လား တလျန့်?"
လျန့်ရမ်တံခါးမှထွက်လာသည်နှင့် အချိန်အတော်ကြာအောင်စောင့်နေခဲ့သည့် လီသိုယွီနှင့်တွေ့ခဲ့လေသည်။သူကခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်၏။
"ငွေက အရာအားလုံးကိုဖြေရှင်းပေးတယ်....သူတို့ အဆင်ပြေရဲ့လား?"
"မျက်နှာပေါ်ရိုက်ခံရတာကလွဲရင် ဖုန်းဖန်ကအားလုံး အဆင်ပြေပါတယ်"
လီသိုယွီမှာ ထူးထူးခြားခြားပင် လေးနက်နေပုံရ၏။
"ကျန်းရှင်းကို အခုပဲCT scanရိုက်ထားပြီး ခေါင်းကိုနည်းနည်းထိလို့ သတိမေ့သွားခဲ့တာတဲ့ အခြားဒဏ်ရာတွေအတွက် စစ်ဆေးနေတုန်းဆိုပေမယ့် ပွန်းပဲ့ဒဏ်ရာနည်းနည်းတော့ရှိတယ်"
လျန့်ရမ်က ခေါင်းညိတ်ကာ ရုတ်တရက်ပြောလာခဲ့၏။
"မင်း သူ့ကိုလိုက်တာရပ်လိုက်သင့်ပြီလို့ ငါအကြံပေးမယ်"
YOU ARE READING
How to Catch an A || ဘာသာပြန်《Completed》
Short StoryTitle: Regrets of Deception/ 真心误良人 Author: Zhang Daji (作者:张大吉) English Translator: ginevre (lazygirl Translation) Chapters: 5 Chapters *I don't own any part of this story.This is just fun translation. All credit goes to original author and Eng trans...