Chapter 5 (Final)

2.8K 372 17
                                    

|| ယနေ့တွင် ခွေးပေါက်လေးက
ပွေ့ဖက်မှုကို လိုအပ်နေလေသည် ||

58

"ရှင်းရှင်းရောက်လာပြီ မြန်မြန်လေး ဖိနပ်တွေလဲပြီး အထဲဝင်လာတော့"

"ဟဲလို အန်တီ"

"လာလာ ရှင်းရှင်း ဒီနွားရိုးစွပ်ပြုတ်ကိုမြည်းကြည့် အရသာရှိတယ်"

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် အန်တီ"

ကျန်းရှင်းက ဟင်းအချို့ယူရန် ပန်းကန်ကိုကိုင်လျက် ထရပ်လိုက်လေသည်။သူ့အင်္ကျီအနားကွပ်က လှုပ်ယမ်းကာ စားပွဲ၏အစွန်းရှိပန်းကန်ခွက်ယောက်တို့ကို ပွတ်ကာသီကာထိလုမတတ်ဖြစ်နေလေသည်။သူ့ဘေးတွင်ထိုင်နေသော လျန့်ရမ်ကကျန်းရှင်း၏ရှပ်အင်္ကျီထောင့်စွန်းလေးကို ကိုင်ပေးရန် အလိုလိုလက်လှမ်းလိုက်မိလေသည်။ကျန်းရှင်းနောက်ပြန်ဆုတ်လာသည့်အချိန်မှသာ သူကဆုပ်ကိုင်ထားမှုကို တိတ်တဆိတ်လွှတ်ပေးလိုက်ကာ ခွေးပေါက်လေးရှင်းရှင်းမှာတော့ လျန့်ရမ်၏သိမ်မွေ့ညင်သာသော အပြုအမူများကို သတိလက်လွတ်ဖြစ်နေဆဲ။

သူ့အားတိတ်တဆိတ် ပြုစုပျိုးထောင်ပေးခဲ့သည့် ထောက်ထားတတ်သော ထိုနှစ်များကဲ့သို့။

"ဒီတစ်ခေါက် လာလည်ရတဲ့ရည်ရွယ်ချက်က ဘာလဲ? သူရှင်းရှင်းကို ရှင်းပြခဲ့သေးလား?"

တောက်ပနေသောစပျစ်သီးပန်းကန်ကို ကိုင်ထားသည့်ကျန်းရှင်းက စားသောက်ပြီးနောက် မေမေလျန့်နှင့်အတူ ဆိုဖာပေါ်၌ ထိုင်နေလေသည်။သူမရုတ်တရက် ပါးစပ်ဟလိုက်ချိန်၌ သူကစိုးရိမ်ထိတ်လန့် တုန်လှုပ်လာလေတော့သည်။သူကကြောက်ရွံ့နေသော ခွေးပေါက်လေးကဲ့သို့ပင် မျက်လုံးလေးများကိုကျယ်ကျယ်ဖွင့်ထားရင်း ကြည့်ရှုနေခဲ့လေသည်။

"ကျွန်တော် ကူညီနိုင်တာတစ်ခုခုများ ရှိလား?"

ကျန်းရှင်းမှာ ပြုံးရန်ကြိုးစားလိုက်သော်လည်း အလွန်အမင်း တောင့်တောင့်ကြီးဖြစ်နေ၏။

How to Catch an A || ဘာသာပြန်《Completed》Opowieści tętniące życiem. Odkryj je teraz