Chapter 4.1

1.5K 293 9
                                    

|| ယနေ့တွင် ခွေးပေါက်လေးက မိဘများနှင့်တွေ့ဆုံခဲ့သည် ||

47

"ဟဲလို လက်ထောက်လျို"

ဓာတ်ဘူးနှစ်ခုကိုကိုင်လျက် ကျန်းရှင်းမှာ လျန့်ရမ်၏ကုမ္ပဏီအတွင်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်လာခဲ့ကာ ဒါရိုက်တာ၏ရုံးခန်းသို့ရောက်ရန် လက်ခံကြိုဆိုရာကောင်တာကို အလွယ်လေးပင် ဖြတ်ကျော်လာခဲ့တော့သည်။

လွန်ခဲ့သောရက်အနည်းငယ်က အပူလှိုင်းအကြံပေးချက်နှင့်အတူ လောင်မြိုက်ပူပြင်းသောနေ့တစ်နေ့၌ ကျန်းရှင်းမှာ အိမ်တစ်အိမ်မှတစ်အိမ်ပြေးလွှားအလုပ်များနေခဲ့ပြီးနောက် အဆောက်အဦးအပြင်ဘက်၌ ရပ်စောင့်နေရန် အပြေးအလွှားပြန်လာခဲ့လေသည်။

ပွင့်လာရန်ငြင်းဆန်နေလေသော သူ၏လက်ကိုင်ပန်ကာလေးကို အကြံအဖန်လုပ်နေစဉ် ဖော်ရွေသောဧည့်ကြိုဝန်ထမ်းက ရေနှင့်lobbyတွင် ထိုင်ခုံတစ်နေရာပေးလာခဲ့၏။နေလောင်ထားသောပါးပြင်လေးများဖြင့် ကျန်းရှင်းမှာ ရေကိုပျော်ရွှင်စွာဖြင့် သောက်ခဲ့ပြီး နှစ်နာရီကြာ သက်တောင့်သက်သာဖြင့်ထိုင်နေခဲ့ပြီးနောက် ပုံမှန်အတိုင်း အိမ်သို့ပြန်ခဲ့လေသည်။

နောက်နေ့များမှစ၍ ကျန်းရှင်းမှာ lobby၏ဧည့်စောင့်ခန်း၌ စောင့်ဆိုင်းခွင့်ရခဲ့လေသည်။သူ၏မြှောက်ပင့်သောနည်းလမ်းများနှင့် ပျားရည်ကဲ့သို့ချိုမြသော ပါးစပ်လေးတို့ဖြင့် မကြာမီ၌ သူကလက်ခံကြိုဆိုရာကောင်တာထဲကို ချိုးဖြတ်နိုင်ခဲ့ပြီး ကာကွယ်ရေးစည်းများကို တဖြည်းဖြည်းချိုးဖျက်ကာ တစ်ဆင့်ချင်းတက်သွားရသောဂိမ်းကဲ့သို့ပင် အပေါ်ထပ်သို့ ပြဿနာမရှိဘဲ ဖြည်းဖြည်းချင်း တက်လာနိုင်ခဲ့တော့သည်။

လျန့်ရမ်ကို တစ်ကြိမ်လေးပင်မတွေ့ခဲ့ရသော်ငြားလည်း ကျန်းရှင်းကတော့ သူ့အားနေ့တိုင်းစွပ်ပြုတ် ချက်ကျွေးသည်အထိပင် ကျေနပ်နေခဲ့လေသည်။
သူကဓာတ်ဘူးနှစ်ဘူးကိုပင် ဝယ်ထားခဲ့ပြီး ထိုမှသာ ယခင်နေ့ကဓာတ်ဘူးကို နောက်တစ်နေ့၌ အသစ်တစ်ခုဖြင့်အစားထိုးနိုင်မည် ဖြစ်၏။

How to Catch an A || ဘာသာပြန်《Completed》Where stories live. Discover now